25 C
Yangon

ရွာငံတွင် စစ်သားအဖြစ် အတင်းအဓမ္မ ဖမ်းဆီးထားသည့် လူငယ်များကို လာခေါ်သော စစ်ယာဉ်တန်း ကို မိုင်းဆွဲမှု ရဲ ၄ ဦးသေဆုံး

Must read

ရွာငံတွင် စစ်သားအဖြစ် အတင်းအဓမ္မ ဖမ်းဆီးထားသည့် လူငယ်များကို လာခေါ်သော စစ်ယာဉ်တန်း ကို မိုင်းဆွဲမှု ရဲ ၄ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ရွာငံမြို့နယ်တွင် စစ်သားအဖြစ် အတင်းအဓမ္မဖမ်းဆီးထားသော လူငယ်များကို လာရောက်ခေါ်ဆောင်သည့် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦးသေဆုံးခဲ့ကြောင်း ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၄ ရက် နံနက် ၉ နာရီအချိန်က ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာ၌ အတင်းအဓမ္မ စစ်သားစု ဆောင်းထားသူများကို ခေါ်ဆောင်ရန် ရွာငံမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်မြို့မရဲစခန်းတို့မှ ဟိုက်ဂျက်ကား ၄ စီးဖြင့် ထွက်ခွာလာသည့် စစ်သား၊ ရဲ ၊ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများကို နွားဘန်းကြီးလမ်း၊ မုံလည် လမ်းခွဲအရောက် ပဒေသာမိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရှေ့ဆုံးမှ ထွက်ခွာလာသည့် လုံခြုံရေးကားကို မိုင်းထိမှန်ခဲ့ပြီး ရဲ ၄ ဦး သေဆုံးကာ ရဲမေ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ နောက်မှ လိုက်ပါလာသော ကားများပေါ်ရှိ အ ကြမ်းဖက်စစ်သား၊ ရဲများက အနီးပတ်ဝန်းကျင်ကို မိနစ်အနည်းငယ်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် သေ ဆုံးဒဏ်ရာရရှိသူများကို တင်ဆောင်ပြီး ရွာငံမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ သယ် ဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YNPDF (ရွာငံပကဖ) တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ နှင့် ဓနုအခြေစိုက် ၁၀၀၃ တပ်ရင်း တပ်ခွဲ ၂ တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article