25 C
Yangon

ကျောက်တော် ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂၀ ဦး ထက်မနည်း ဒဏ်ရာရပြီး သေဆုံးသူအချိုရှိခဲ့၊ ဆေးရုံတစ်ခုလုံး ပျက်စီးသွား

Must read

ကျောက်တော် ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂၀ ဦး ထက်မနည်း ဒဏ်ရာရပြီး သေဆုံးသူအချိုရှိခဲ့၊ ဆေးရုံတစ်ခုလုံး ပျက်စီးသွား

■ စစ်ရှုံးနေသဖြင့် စစ်ကောင်စီက အမုန်းတရားဖြင့် ပြည်သူများကို သတ်ဖြတ်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေ၊ နိုင်ငံတကာသို့ မှတ်တမ်းများ ပေးပို့မည်

ရန်ကုန်၊ မေ ၁၅

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့် ပြည်သူ ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအချိုရှိခဲ့ကာ ဆေးရုံတစ်ခုလုံး ပျက်စီးသွားကြောင်း ရခိုင်တပ်တော် AAက သတင်းထုတ်ပြန်သည်။

မေလ ၁၅ ရက်နေ့၊ နံနက် ၀၀ နာရီ ၁၆ မိနစ် ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့် ကျေးရွာရှိ “ဝဲကြီးထောင့်ဆေးရုံ” ကို စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီး ဆုံးရှုံးသွားခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူအချိုရှိခဲ့ကြောင်း၊ လူနာ ၂၀ ဦးထဲတွင် အပြင်းစားဒဏ်ရာရသူ ၅ ဦးရှိခဲ့ပြီး မြင်း ၁ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

ရက္ခိုင်ဒေသ၌ စစ်ပွဲတိုင်းတွင် ရှုးနိမ့်ကာ အရှက်ရ ဒေါသထွက်နေသော စစ်တပ်က လူမျိုးရေး အမုန်းတရားများကို အခြေခံပြီး တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်ဘက်ပစ်မှတ်၊ ဆေးရုံ၊ ဈေးများကို ဦးတည်ပစ်ခတ်တိုက်ခိုက်နေခြင်းမှာ အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းပင်ဖြစ်ကြောင်း၊ ထို့အတူ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းလည်းဖြစ်ကြောင်း AA က ထောက်ပြသည်။

ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များနှင့် လူမှုဘဝလုံခြုံမှုကို နေစဉ်နှင့်အမျှ ခြိမ်းခြောက် နေသော လုပ်ရပ်များနှင့် ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ စစ်ကောင်စီ၏ နေ့စဉ်ကျူးလွန်နေသော မရိုးနိုင်သော လုပ်ရပ်များပင်ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ယခုကဲ့သောလုပ်ရပ်များနှင့် ယခင်ကျူးလွန်ထားခဲ့သော မှတ်တမ်းများကို နိုင်ငံတကာအဖွဲအစည်းများထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း AA က ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article