25 C
Yangon

အမေရိကန်တစ်ဒေါ်လာလျှင် ၄၁၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်လာပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၉ သိန်းခွဲသို့ စံချိန်တင်ထိုးတက်

Must read

အမေရိကန်တစ်ဒေါ်လာလျှင် ၄၁၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်လာပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၉ သိန်းခွဲသို့ စံချိန်တင်ထိုးတက်

■ ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၁၁၁ ကျပ် အထိ စံချိန်တင်ရောက်ရှိ

ရန်ကုန်၊ မေ ၁၅

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၁၀၀ ကျပ်ဝန်းကျင်အထိ စျေးနှုန်းမြင့်တက်လာပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၉ သိန်းခွဲသို့ စံချိန်တင် စျေးနှုန်းမြင့်တက်လာကြောင်း ပြည်တွင်းစီးပွားရေးစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မေလ ၈ ရက်နေ့မှစတင်ပြီး အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေစျေးနှုန်းမှာလည်း အခေါက်ရွှေတစ်ကျပ်သား ၄၈ သိန်းအထိ မြင့်တက်လာကြောင်း၊ ယင်းနောက် နေ့စဉ် ရွှေစျေးနှုန်းမြင့်တက်ခဲ့ပြီး ယနေ့ မွန်းလွဲပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သား ၄၉ သိန်းခွဲ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကမ္ဘာ့ရွှေစျေးက ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၃၅၀ တစ်ပတ်ချာလည်ပဲ။ ကျလည်း နည်းနည်း ၊ တက်လည်း နည်းနည်းပဲ။ မြန်မာ့ရွှေစျေးထိုးတက်နေတာက ဒေါ်လာစျေးထိုးတက်နေလို့။ ဘာကြောင့် ဒေါ်လာတန်ဖိုးတက်လဲမေးရင်တော့ ဒေါ်လာရှားပါးလာတာ၊ နိုင်ငံရေးမကောင်းတာ၊ ထိုင်း၊ တရုတ်နယ်စပ်တွေ ကုန်သွယ်ရေးရပ်နေတာ၊ အများကြီးပေါ့။ ဒီမှာလည်း စီးပွားရေးက ချွတ်ခြုံကျဖြစ်နေပြီ။ အဲဒါတွေကြောင့်။ ဗဟိုဘဏ်က ဝင်ဟန့်ရင် ခဏ ကျတယ်။ ပြီးရင်ပြန်တက်ပေါ့။ လိုအပ်ချက်က များတယ်။ စီးပွားရေးကလည်း ပြိုနေတာလေ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

ယနေ့ အမေရိကန်ဒေါ်လာမှာ တစ်ဒေါ်လာလျှင် ၄၀၃၀ ကျပ်နှင့် ၄၁၀၀ ကျပ်အကြား ရောင်းသူ၊ ဝယ်သူညှိနှိုင်း၍ ရောင်းချနေကြကြောင်း၊ ထိုင်းဘတ်ငွေမှာ ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၁၁ ကျပ် ရှိနေကြောင်း၊ မြန်မာကျပ်ငွေတန်ဖိုးမှာ ထိုးကျနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article