25 C
Yangon

ကျောက်ဆည်မြို့နယ်တွင် စစ်ကားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရ

Must read

ကျောက်ဆည်မြို့နယ်တွင် စစ်ကားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ မေ ၁၅

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Tigher Brother မြစ်သား PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၃ ရက်နေ့ ည‌နေ ၅ နာရီခန့်တွင် ကျောက်ဆည်မြို့နယ် ဟန်မြင့်ဗိုလ်မှ ဆင်းခေါင်းတောင်ဘက်ကို သွားသည့် စစ်ကား ၃ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ရဲကြီးရွာနှင့် ဈေးရွာ အကြား မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး သေဆုံးပြီး ၃ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အဲတိုက်ခိုက်မှုက စဉ့်ကိုင်က စစ်ခွေး အကြီးစား ၁ ကောင်သေပါတယ်။ ၃ ကောင်က ဆေးရုံမှာတဲ့ သေတဲ့ကောင်က ဗိုလ်လို့ သိရပါတယ်” ဟု Tigher Brother မြစ်သား PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Tigher Brother PDF၊ ဗိုလ်စားပြောက်ကျား၊ မြင်းခြံမြို့နယ် ပကဖ၊ မြစ်သား ပကဖနှင့် မြင်းခြံတပ်ရင်း ၁ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ ကျောက်ဆည်မြို့ အထက ၁ ကျောင်းတွင် အစည်းအဝေး ပြုလုပ်ရန်လာသည့် စစ်ကား ၁ စီးကို မေလ ၆ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များက အထက အမှတ် ၁ ကျောင်းပန်းခြံလမ်း အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“အစည်းအဝေးတော့ ပျက်စီးသွားတယ်လို့ သိရတယ်။ စစ်ခွေး အသေအပျောက် စာရင်းတော့ မသိရသေးဘူး” ဟု Tigher Brother မြစ်သား PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Tiger Brother PDF နှင့် မြင်းခြံ ၂၇ မြစ်သား ပကဖ အဖွဲ့တို့က ပူးပေါင်ူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article