28 C
Yangon

NUG နိုင်ငံခြားရေးဝန်ကြီးနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး တို့ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေပြီး တောင်ကိုရီးယားလွှတ်တော်အမတ်များနှင့်တွေ့ဆုံရန်ရှိနေ

Must read

NUG နိုင်ငံခြားရေးဝန်ကြီးနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး တို့ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေပြီး တောင်ကိုရီးယားလွှတ်တော်အမတ်များနှင့်တွေ့ဆုံရန်ရှိနေ

ရန်ကုန်၊ မေ ၁၆

အမျိုးသားညီညွတ်ရေးအစိုးရ-NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီး မြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေပြီး တောင်ကိုရီးယားလွှတ်တော်အမတ်များနှင့်တွေ့ဆုံရန်ရှိနေကြောင်း NUG ကိုယ်ရီးယားကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။

မေလ ၁၅ ရက်နေ့တွင် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့် စီမံ ကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီး မြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေကြောင်း၊ NUG ဝန်ကြီး၂ ဦးသည် ဂွမ်ဂျူး ၅.၁၈ ဖောင်ဒေးရှင်းက ပြုလုပ်သည့် ၄၄-နှစ်မြောက် ဂွမ်ဂျူးပြည်သူ့အရေးတော်ပုံ အောက် မေ့ဘွယ် အခမ်း အနားသို့ တက်ရောက်ခြင်း၊ မြန်မာ့အရေးဆိုင်ရာ မိန့်ခွန်းပြောကြားခြင်း၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မေလ ၁၉ ရက်နေ့တွင် အင်ချွန်းမြို့ ဘူဖျောင်းမြို့နယ်ခန်းမတွင် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article