25 C
Yangon

ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF – Khayan ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကျင်းပ

Must read

ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF – Khayan ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကျင်းပ

ရန်ကုန်၊ မေ ၁၆

လွတ်မြောက်နယ်မြေတစ်နေရာတွင် ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF-Khayan ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကို မေလ ၁၅ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း PDF-Khayan ထံမှ သိရှိရသည်။

အဆိုပါ အခမ်းအနားကို အွန်လိုင်းနှင့် မြေပြင် တစ်ချိန်တည်း ကျင်းပခဲ့ခြင်းဖြစ်ပြီး မြေပြင်မှ တာဝန် ရှိလူကြီးမင်းများ ၊ မဟာမိတ်အဖွဲ့များ ၊တိုင်း ရင်းသား ERO မှတာဝန်ရှိသူများအသီးသီး တက်ရောက်ခဲ့ကြကာ အွန်လိုင်းမှလည်း အရှင်ထာဝရ(နော်ဝေ) ၊ ဦးရန်နိုင်ထွန်း (အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်) ၊ ဗိုလ်ကြီးနေမျိုးဇင် ၊ ခရိုင်ပကဖ တာဝန်ရှိသူများ ၊ နိုင်ငံတကာရောက် ထောက်ပို့အဖွဲ့အစည်းများ ၊ ထောက်ပို့တာဝန်ခံများ တက်ရောက်ချီးမြှင့်ပေးခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article