25 C
Yangon

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ဂျပန်နိုင်ငံက စိုးရိမ်တကြီး မေးခွန်းများ မေးမြန်းဟု NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော

Must read

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ဂျပန်နိုင်ငံက စိုးရိမ်တကြီး မေးခွန်းများ မေးမြန်းဟု NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော

ရန်ကုန်၊ မေ ၁၆

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ မေး ခွန်းများကို ဂျပန်နိုင်ငံဘက်က စိုးရိမ်ကြီးစွာ မေးမြန်းလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့်သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ဂျပန်ဘက်က ကျနော့်ကို မေးတဲ့ မေး ခွန်းရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာ ရှိနေလဲဆိုတာ သိသလား၊ ဒေါ်အောင်ဆန်းစုကြည် အခြေအနေ ဘယ်လိုရှိသလဲတို့။ ဒါနဲ့ပတ် သက်လို့ သူတို့ မေးခဲ့တာရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ ကျနော် အရမ်းကိုစိုးရိမ်တယ်။ သူ့အသက်အရွယ်၊ သူ့ကျန်းမာရေးအတွက် စိုးရိမ်တယ်။ သူ့လုံခြုံရေးစိုးရိမ်တယ်။ အခုလို အနေအထားမျိုးမှာ သူဘယ်မှာရှိနေတယ်ဆိုတာ သေချာမသိရတော့တဲ့ အနေအထားမျိုးဖြစ်တဲ့အတွက် ပိုပြီး စိုးရိမ်တယ်ဆိုတာ ဖြေခဲ့တယ်။ ကျနော်တို့ NUG အတွက် ဒေါ်အောင်ဆန်းစုကြည်က ခေါင်း ဆောင် ဖြစ်တယ်။ NUG က ခေါင်းဆောင်အတွက် အမြဲတမ်းစုံစမ်းနေတယ်။ ကြိုးစားနေတယ်။ အမြဲတမ်းပဲ စိုးရိမ်ပူပန်နေတယ်ဆိုတာကို ဖြေခဲ့ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့်ပတ်သက်၍ စစ်ကောင် စီက တရားဝင် သတင်းထုတ်ပြန် ခြင်းမရှိသကဲ့သို့ မကြာခဏဆိုသလို နေရာပြောင်းရွှေ့သည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း၊ လတ် တလော ဒေါ်အောင်ဆန်းစုကြည်ကို ထားရှိသည့်နေရာကို မည်သူကမှ အတိအကျ မသိရှိနိုင်သေးဘဲ ရှေ့နေများနှင့်တွေ့ဆုံခွင့်လည်း စစ်ကောင်စီက ပိတ်ပင်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article