25 C
Yangon

သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်များ ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်များ သေဆုံး

Must read

သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်များ ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်များ သေဆုံး

ရန်ကုန်၊မေ ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့ကြောင်း KNU ဗဟို က ထုတ်ပြန်ထားပါသည်။

မေလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၉ တပ်ရင်း က ရွှေရောင်ပြရွာနှင့် မရမ်းကုန်းရွာ ကို လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ မရမ်းကုန်းရွာမှ ဦးဖိုးဒင်၊ နော်နန္ဒာလှိုင်၊ ဒေါ်မစံနှင့် ဒေါ်မိုးကြည်တို့၏ နေအိမ်တို့ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်မှ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့် အထိ အမတ-၃၁၄ တပ်ရင်းက လက်နက်ကြီး ၄ လုံး၊ ခမရ-၉ တပ်ရင်းက လက်နက်ကြီး ၃ လုံးနှင့် နံနက် ၁၀ နာရီခန့်တွင် ခမရ-၉ တပ်ရင်း က လက်နက်ကြီး ၄ လုံး၊ ခမရ-၉ လက်အောက်ခံ ဝီယော်စခန်းက လက်နက်ကြီး ၂ လုံး၊ ခမရ-၉ က လက်နက်ကြီး ၄ လုံး ၊ ခမရ-၉ လက်အောက်ခံ ဝီယော်စခန်းက လက်နက်ကြီး ၂ လုံး၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အမတ-၃၁၄ တပ်နှင့် ခလရ-၈ တပ်၊ ဘီးလင်းတိုးဂိတ်စခန်းတို့က လက်နက်ကြီး ၃ လုံး ၊ အမတ-၃၁၄ တပ်ရင်းက လက်နက်ကြီး ၁ လုံး၊ ခလရ-၈ တပ်ရင်းက လက်နက်ကြီး ၁ လုံး၊ ဘီးလင်းတိုးဂိတ်စခန်းက လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မေလ ၈ ရက်နေ့ ည ၉ နာရီ ၄၄ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၉ တပ်စခန်းက သထုံမြို့နယ် အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် မိချောင်းအိုင်ကျေးရွာ အနီး လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲပြီး မိချောင်းအိုင်ရွာမှ ကျွဲ ၁ ကောင်းသေဆုံးခဲ့ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article