25 C
Yangon

အရာတော်နှင့် တောင်သာ မြို့နယ်ရှိ ရဲစခန်း၊ တင့်ကားတပ်ရင်းနှင့် စစ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

အရာတော်နှင့် တောင်သာ မြို့နယ်ရှိ ရဲစခန်း၊ တင့်ကားတပ်ရင်းနှင့် စစ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၁၆

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ မြို့မ ရဲစခန်းနှင့် အမှတ် ၅၀၀၄ တင့်ကား တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BGS Drone Force အဖွဲ့ထံမှ သိရသည်။

မေလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အရာတော်မြို့မ ရဲစခန်းမှ ရဲတပ်သားများ ထမင်းစား နားနေချိန်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် လက်လုပ် ၁၂၀ မမ ဗုံးသီး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် အရာတော်မြို့ အမှတ် ၅၀၀၄ တင့်ကား တပ်ရင်းရှိ လူပျိုဆောင်ကို လက်လုပ် ၁၂၀ မမ ဗုံးသီး ၁ လုံး ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း ရဲစခန်းမှ ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ အမှတ် ၅၀၀၄ တင့်ကား တပ်ရင်းမှ စစ်ကောင်စီတပ်သားများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force & Ayadaw Rocket အဖွဲ့က ဦးဆောင်၍ အရာတော်မြို့နယ် ပကဖ၊ တိုက်နယ် ၄ ၊ မုံရွာခရိုင်တပ်ရင်း ၁၉ တို့မှ ပံ့ပိုးကူညီမှုများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ပြသာဒ်ကြီးရွာနှင့် ဇရပ်ကြီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း ထံမှ သိရသည်။

မေလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ ပြသာဒ်ကြီးရွာနှင့် ဇရပ်ကြီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို မြင်းခြံခရိုင် အမှတ်၈ တပ်ရင်း – NRDF ၏ Drone တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီး ၈ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်၈ တပ်ရင်း – NRDF ၊ မြင်းခြံခရိုင် အမှတ်၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်၂ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်၃ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်၄ တပ်ရင်းနှင့် မလှိုင် ပကဖ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article