25 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် မေလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီ တပ်သား ၁၇ ဦးသေဆုံး

Must read

KNU တပ်မဟာ ၅ နယ်မြေတွင် မေလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီ တပ်သား ၁၇ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၆

ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ KNU တပ်မဟာ ၅ နယ်မြေတွင် မေလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီ တပ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မေလ ၁ ရက်နေ့မှ မေလ ၁၅ ရက် နေ့အထိ မူတြော်ခရိုင်တွင် KNU အမှတ် ၅ တပ်မဟာ ၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ၄၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော ကျေးရွာများကို ဂျက်ဖိုက်တာ၊ ဒရုန်းနှင့် လက်နက်ကြီး များဖြင့် နေ့စဉ် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၁၅ လုံးနှင့် စပါးကျီ ၁ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article