25 C
Yangon

နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် စစ်ကောင်စီက တရုတ်နိုင်ငံလုပ် ဒရုန်းရာချီ၍ ဝယ်ယူ အသုံးပြုနေပြီး ကပစ စက်ရုံများက သီးခြားယူနစ် ဖွဲ့စည်းကာ ဒရုန်းဗုံးများကို အမြောက်အမြား သီးသန့် စတင်ထုတ်လုပ်နေ

Must read

ရခိုင်စစ်မြေပြင်တွင် တရုတ်လုပ်ဒရုန်း ၃၀၀ ဝန်းကျင် စစ်တပ်က အသုံးပြုနေ

ရန်ကုန်၊ မေ ၁၇

မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် စစ်ကောင်စီက တရုတ်နိုင်ငံလုပ် ဒရုန်းရာချီ၍ ဝယ်ယူ အသုံးပြုနေပြီဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လတ်တလော ရခိုင်စစ်မျက်နှာပြင်တွင် တရုတ်နိုင်ငံလုပ် ဒရုန်း ၃၀၀ ကို ပေးပို့ထားပြီး ယင်းဒရုန်းများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှုများကို လုပ်ဆောင်နေကြောင်း၊ စစ်ကောင်စီက တရုတ်လုပ်ဒရုန်းများကို မှာယူတင်သွင်းပြီး Drop ဗုံး တပ်ဆင်အသုံးပြုနေခြင်းဖြစ်ကြောင်း၊ အဆိုပါဒရုန်းများမှာ စစ်ဘက်သုံးဒရုန်းများလည်းပါဝင်ပြီး တချို့ဒရုန်းများမှာ စစ်ဘက်သုံးဒရုန်းများမဟုတ်ဘဲ ဘက်စုံသုံး ဒရုန်းများကို ပြန်လည် ပြုပြင်၍ အသုံးပြုခြင်း ဖြစ် ကြောင်း သိရှိရသည်။

“တရုတ်ဒရုန်း ၃၀၀ လောက်ကတော့ ရခိုင်စစ်မျက်နှာပြင်မှာ သုံးနေပြီ။ အခြားစစ်မျက်နှာပြင်တွေကိုလည်း တရုတ်ဒရုန်းတွေ ပို့နေပါတယ်။ ဒရုန်းအတွက် ပြင်ဆင်ချိန်ရော သင်ယူချိန်ရော ပြီးမြောက်ခဲ့ပြီလို့ ပြောရမယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးပစ္စည်းစက်ရုံများကလည်း ဒရုန်းဖြင့် ကျဲချအသုံးပြုမည့် ဗုံးများကို သီးသန့်ထုတ်လုပ်သည့် ယူနစ် ဖွဲ့စည်းပြီး ဗုံးများကို စမ်းသပ်ခြင်း၊ ထုတ်လုပ်ခြင်းများကို အများအပြား လုပ်ဆောင်နေကြောင်း၊ ယခင်က ဒရုန်းဗုံးအတွက် လက်နက်ကြီးကျည်များဖြစ်သည့် ၆၀ မမ၊ ၈၁ မမ တို့ကို ဗုံးအဖြစ် အသုံးပြုခဲ့သော်လည်း ယခုအခါတွင်မူ ဒရုန်းဗုံးအတွက် ကပစ စက်ရုံများက ဒီဇိုင်းနှင့်ပုံစံကို စမ်းသပ် တီထွင် ထုတ်လုပ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်က အသုံးပြုနေသည့် တရုတ်လုပ်ဒရုန်းနှင့်ကပစ ထုတ် ဒရုန်းဗုံးသီး မြင်ကွင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီတပ်က အသုံးပြုနေသည့် တရုတ်လုပ်ဒရုန်းနှင့်ကပစ ထုတ် ဒရုန်းဗုံးသီး မြင်ကွင်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article