25 C
Yangon

ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ပါလက်ပ်စကီတက္ကသိုလ်တွင် မြန်မာ့ရေးရာလေ့လာမှုဌာန တစ်ခု ဖွင့်လှစ်လိုက်ပြီး မြန်မာ့အရေး သုတေသနနှင့် ပညာရေးလုပ်ငန်းများကို မြှင့်တင်ရေး လုပ်ဆောင်မည်

Must read

ရန်ကုန်၊ မေ ၁၇

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ပါလက်ပ်စကီတက္ကသိုလ်တွင် မြန်မာ့ရေးရာ လေ့လာမှုဌာနတစ်ခုဖွင့်လှစ်လိုက်ပြီး မြန်မာ့အရေး ပညာရပ်ဆိုင်ရာ သုတေသနနှင့် ပညာရေးလုပ်ငန်းများကို မြှင့်တင်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း အဆိုပါ ဌာနက ပြောဆိုသည်။

မြန်မာ့ရေးရာလေ့လာမှုဌာန The Myanmar Studies Center (MSC@UP) ကို ချက်နိုင်ငံ၊ အိုလိုမာ့စ်မြို့ရှိ ပါလက်ပ်စကီတက္ကသိုလ်တွင် မေလ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ မြန်မာ့ရေးရာဌာနသည် မြန်မာရေးရာနှင့်ပတ်သက်ပြီး အာရုံစိုက်မှုနည်းနေသေးသည့် ချက်ပြည်သူ့သမ္မတနိုင်ငံနှင့် အလယ်ဥရောပတွင် ပထမဆုံး ဖွင့်လှစ်သည့် မြန်မာရေးရာလေ့လာမှုဌာနတစ်ခုဖြစ်ကြောင်း၊ ပညာရပ်ဆိုင်ရာ လေ့လာမှု အားနည်းနေသော လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် MSC@UP က မြန်မာ့ရေးရာကို အခြေတည်ပြီး အခြားသော ပညာ ရပ်ဆိုင်ရာ သုတေသနများနှင့် ပညာရေးလုပ်ငန်းများကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

မြန်မာ့ရေးရာ ဌာနစတင်ဖွင့်လှစ်ရန် ဦးဆောင်ခဲ့သည့် ဒေါက်တာ ခရစ္စတီးနား ကီရွန်စကာ က ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူတစ်ဦး ဖြစ်ကြောင်း၊ မြန်မာနှင့်ပတ်သက်သည့် ခေါင်းစဉ်မျိုးစုံကို သုတေသနပြုလုပ်ခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

မြန်မာရေးရာလေ့လာမှုဌာန ဦးစီးပြီး လာမည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း နွေရာသီကျောင်းတစ်ခုကို ကိုဖွင့်လှစ်သွားမည်ဖြစ်ပြီး မြန်မာ့အရေးကို “Indo-Pacific-Navigating Geostrategic Dynamics: Southeast Asia and Myanmar” ခေါင်းစဥ်ဖြင့် ဆွေးနွေးသင်ကြားသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် Interdisciplinary Myanmar Conference 2024 အမည်ဖြင့် စာတမ်းဖတ်ပွဲတစ်ခုကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article