25 C
Yangon

ဗန်းမော်မြို့အနီးတွင် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်က စစ်ရှောင် ယာဉ်တန်းကို ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများ နေအိမ်များပေါ် ကျရောက်

Must read

ဗန်းမော်မြို့အနီးတွင် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်က စစ်ရှောင် ယာဉ်တန်းကို ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများ နေအိမ်များပေါ် ကျရောက်

ရန်ကုန်၊ မေ ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီးတွင် တိုက်ပွဲ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က စစ်ရှောင် ယာဉ်တန်းကို ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများ နေအိမ်များပေါ် ကျရောက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၆ ရက်နေ့မှ စတင်ကာ ဗန်းမော်မြို့အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ယာဉ်တန်းဖြင့် ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများကို စစ်တပ်က ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က မြို့အဝင်အထွက် လမ်းပိုင်းများကိုလည်း ပိတ်ဆို့ထားကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲများသည် ဗန်းမော်မြို့နှင့် ၅ မိုင်ခန့်အကွာတွင် ဖြစ်ပွားနေခြင်း ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားသည့် နေရာမှ ပြည်သူများမှာ ဗန်းမော်မြို့သို့ တိမ်းရှောင် နေကြပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများသည် ဗန်းမော်မြို့ရှိ ပြည်သူပိုင် နေအိမ်များပေါ် ကျရောက်မှု ရှိကြောင်း သိရှိရသည်။

“မြို့ပြင်ထွက်မယ့် ၃ လမ်းလုံး ပိတ်သွားပြီ ပတ်ပတ်လည် ဆော်နေကြတာ။ တစ်နေ့က ရတဲ့လမ်းလေးကနေ ပြေးကြတဲ့ ယာဉ်တန်းကို စစ်တပ်က ပစ်ခတ်လို့ ပြည်သူ ၁ ဦးသေဆုံးတယ်။ အိမ်ထဲနေတာမှ စိတ်ချရမယ့် အနေအထားပါ။ အိမ်ပေါ်တည့်တည့်ကျတော့လည်း ကံပေါ့။ တိုက်ပွဲက မြို့နဲ့ ၅ မိုင်အကွာမှာ ဖြစ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။

လက်ရှိချိန်တွင် ဗန်းမော်-မန္တလေး ကားခသည် ငွေကျပ် ၁၂၀ဝဝဝ ထိ မြှင့်တက်သွားပြီး ကားစီးလုံး ငှားပါက ကျပ် ၁၂ သိန်းမှ ၂၆ သိန်း အထိ ရှိကြောင်း၊ ယနေ့ မေလ ၁၇ ရက်နေ့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လက်နက်ကြီး သံများနှင့် ပစ်ခတ်သံများ ဆူညံနေကြောင်း ဒေသပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article