25 C
Yangon

ရေစကြိုမြို့နယ်ရှိ PDF စခန်းတစ်ခုကို ဝင်ရောက် စီးနင်းသည့် စစ်သားများကို ခုခံတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ကျော် သေဆုံးပြီး သေနတ် ၉ လက် သိမ်းဆည်းရရှိ

Must read

ရေစကြိုမြို့နယ်ရှိ PDF စခန်းတစ်ခုကို ဝင်ရောက် စီးနင်းသည့် စစ်သားများကို ခုခံတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ကျော် သေဆုံးပြီး သေနတ် ၉ လက် သိမ်းဆည်းရရှိ

■ စစ်တပ်က ကျောက်ထပ်ကျေးရွာမှ ပြည်သူ ၁ ဦး ပစ်သတ်ပြီး ကျေးရွာ ၂ ရွာမှ ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဇီးတောရွာကို မီးရှို့ဖျက်ဆီးခဲ့

ရန်ကုန်၊ မေ ၁၇

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ‌ PDF စခန်းတစ်ခုကို ဝင်ရောက် စီးနင်းသည့် စစ်သားများကို ခုခံတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃၀ ကျော် သေဆုံးပြီး သေနတ် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူမြို့၊ တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်း ၂၃၅ ၊ ၂၅၇ နှင့် ၂၅၈ မှ အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေစကြိုမြို့နယ်ရှိ ကျောက်ထပ်ရွာ၊ သဲတောရွာ၊ ဇီးတောရွာ တို့ကို ဝင်ရောက်လာပြီး PDF စခန်းတစ်ခုကို တပြိုင်ရောက် စီးနင်းစဉ် PDF တပ်ဖွဲ့များက ခုခံတိုက်ခိုက်ရာ စစ်သား ၂၀ ကျော် သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

“ဒီနေ့ နံနက် ၅ နာရီ ၁၅ မိနစ်ကနေ စပြီးတော့ PDF စခန်းကို အဓိကဝင်စီးတာ။ ဝင်လာတဲ့အချိန် မှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်သေးတယ်။ PDF တွေက နောက်ဆုတ်ပြီး လက်နက် ကြီးနဲ့ ပြန်ပစ်တဲ့အချိန်မှာ စစ်ခွေးတွေထိတာ။ PDF တွေက ဆုတ်သွားပြီးတော့ စစ်ခွေးတွေဝင်စီးနေတဲ့ ကိုယ့်စခန်းထဲကို ကိုယ်ပစ်တဲ့အချိန်မှာ စစ်ခွေးတွေထိတာ။ စခန်းထဲဝင်လာတဲ့ စစ်ခွေးမှန်သမျှ သေတဲ့သူသေ။ ဒဏ်ရာရတဲ့သူမှန်သမျှ ဒဏ်ရာရ၊ ခြေပြတ်၊လက်ပြတ်တွေဖြစ်ကုန်တာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများက PDF စခန်းကို ဝင်ရောက်စီးနင်းပြီးချိန်တွင် တော်လှန်ရေး တပ်ဖွဲ့များက ပြန်လည် တိုက်ခိုက်ရန် စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် PDF စခန်းအတွင်းမှ ဆိုင်ကယ် ၅ စီးဖြင့် ရှေ့ပြေး ထွက်လာသော အကြမ်းဖက် စစ်သား ၁၀ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၁၀ ဦးလုံးသေဆုံးပြီး သေနတ် ၉ လက်သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

“သေဆုံးသွးတဲ့ စစ်ခွေးအရေအတွက် ၃၀ ကျော်ရှိတယ်ဗျ။ အနီးကပ်ပစ်သတ်လိုက်တာက ၁၀ ကောင်၊ လက်နက်က ၉ လက်ရတာ။ စခန်းထဲမှာ လက်နက်ကြီးနဲ့ပစ်လို့ သေတဲ့ခွေးတွေက ကားနဲ့ ခေါက်တုန့်ခေါက်ပြန်သယ် ကြတာ။ ၆၀ မမ ၂ လုံးစာမိတာကို အယောက် ၂၀ နီးပါးသေတယ်၊ ဒါကထိခိုက်ဒဏ်ရာရတဲ့ စာရင်း မပါသေးဘူး။” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျောက်ထပ်ကျေး ရွာမှ ပြည်သူ အမျိုသမီး ၁ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ပြည်သူအများအပြားကိုလည်း ဓားစာခံ ဖမ်းဆီးသွားကြောင်း၊ ထို့အပြင် သဲတောကျေးရွာမှ အပြည်သူများကိုလည်း ဓားစာခံဖမ်းဆီးသွားပြီး ဇီးတောကျေးရွာကို လည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article