25 C
Yangon

PDF နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို လူမှုကွန်ရက်တွင် လှောင် ပြောင်ခဲ့သော အမျိုးသမီး၏ ခင်ပွန်း ဗိုလ်ကြီး အောင်မျိုးဦး ရခိုင်တိုက်ပွဲတွင် သေဆုံးပြီး အလောင်းပြန်မရ

Must read

ရန်ကုန်၊ မေ ၂၀

PDF နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို လူမှုကွန်ရက်တွင် ဗီဒီယိုတင်၍ လှောင်ပြောင်ခဲ့သူ ဒေါ်ဖြူဖွေး၏ ခင်ပွန်း ဗိုလ်ကြီး အောင်မျိုးဦးသည် ရခိုင်တိုက်ပွဲတွင် သေဆုံးပြီး အလောင်းပြန်မရကြောင်း ၎င်း၏ မိတ်ဆွေတချို့ထံမှ သိရှိရသည်။

ကျောက်ဆည်မြို့သူ ဒေါ်ဖြူဖွေး ၏ ခင်ပွန်းဖြစ်သူ ဗိုလ်ကြီးအောင်မျိုးဦးသည် မေလ ၂ ရက်နေ့ ရခိုင်တိုက်ပွဲတွင် သေဆုံးခဲ့ကြောင်း၊ သို့ရာတွင် ဇနီးဖြစ်သူနှင့် ကျန်ရစ်သူမိသားစုထံသို့ မေလ ၁၂ ရက်နေ့တွင်မှသာ သတင်း ရောက်ရှိကြောင်း၊ ဇနီးဖြစ်သူ ဒေါ်ဖြူဖွေးမှာ PDF နှင့် ERO များသည် စစ်တပ်ကို တု၍ မရကြောင်း၊ စစ်တပ်ချင်း နှိုင်းယှဉ်လျှင် မြန်မာစစ်တပ်က ဝါရင့်ဖြစ်ပြီး ပို၍ စနစ်တကျရှိကြောင်း၊ စစ်ကောင်စီတပ်နှင့် တိုင်းရင်းသား၊ PDF တပ်များ၏ ချီတက်ပုံနှင့်နေထိုင်ပုံများ နှိုင်းယှဉ် ကြည့်လျှင်ပင် စနစ်ကျသော မြန်မာစစ်တပ်ကို PDF နှင့် ERO တပ်များက လုံး၀ မယှဉ်နိုင်ကြောင်း လူမှုကွန်ရက်တွင် ဗီဒီယို ရိုက်တင်ခဲ့ကြောင်း သိရှိရသည်။

“မဖြူဖွေးရဲ့ အမျိုးသား ဗိုလ်ကြီး အောင်မျိုးဦးက ရခိုင်တိုက်ပွဲမှာ ကျတာ အလောင်းလည်း ပြန်မရဘူး။ မေလ ၂ ရက်နေ့မှာ သေတာကို ၁၂ ရက်နေ့မှ သိရလို့ ၁၅ ရက်နေ့ကျမှ ရက်လည် သပိတ်သွပ်လုပ်ရတယ်။ ဒါတောင် တပ်ကတရားဝင် အကြောင်းကြားတာမဟုတ်ဘူး။ နီးစပ်ရာ မိတ်ဆွေက အကြောင်း ကြားတာလို့ သိရတယ်။ သူက Tik Tok မှာ PDFနဲ့ တိုင်းရင်းသားတပ် တွေက မညီမညာလမ်းလျှောက်တာ တစ်ခုတည်းနဲ့တင် စစ်ကောင်စီတပ်ကို ယှဉ်လို့မရဘူးဆိုပြီး လှောင်ပြောင်ခဲ့တာ” ဟု မိတ်ဆွေတစ်ဦးက ဆိုသည်။

သေဆုံးသူ ဗိုလ်ကြီး အောင်မျိုးဦးသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း မင်္ဂလာ ဆောင်ခဲ့ပြီး သားသမီး ကျန်ရစ်ခြင်းမရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – မေလ ၂ ရက်နေ့ ရခိုင်တိုက်ပွဲတွင် သေဆုံးသူ ဗိုလ်ကြီးအောင်မျိုးဦးနှင့် မေလ ၁၅ ရက်နေ့ နာရေးသပိတ်ရက်လည် ဆွမ်းသွပ်မြင်ကွင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article