25 C
Yangon

မြင်းခြံတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်အရာရှိကြီး ၁ ဦး အပါအဝင် ၆ ဦးသေဆုံး၊ နယ်မြေ ရှင်းလင်းစဉ် စစ်သားအလောင်း ၁ လောင်း၊ RPGကျည် ၃ လုံးနှင့် ကွန်ပျူတာတစ်လုံး ရရှိ

Must read

ရန်ကုန်၊ မေ ၂၀

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာမှ ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အရာရှိကြီး ၁ ဦး အပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း၊ မိုင်းဆွဲသည့် နေရာကို နယ်မြေရှင်းလင်းစဉ် စစ်သားအလောင်း ၁ လောင်း ၊ RPG ကျည် ၃ လုံးနှင့် ကွန်ပျူတာ ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း ညောင်ဦးမြို့နယ်ပကဖ – ပုဂံပြည်ဘီလူးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ အချိန်ခန့်က မြင်းခြံမြို့နယ်၊ ရွာရှည်ရွာကို မီးရှို့ပြီး ကိုင်းရွာ ဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ပဒေသာမိုင်း ၃ လုံး နှင့် ပေပါမိုင်း အသုံး ပြုပြီး မိုင်း ဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ ဗျူဟာမှူးအပါအဝင် ၆ ဦးသေဆုံးကာ ၁၁ ဦးခြေ ပြတ်၊ လက်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေရာကို နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် စစ်သားအ လောင်း ၁ လောင်း၊ RPGကျည် ၃ လုံးနှင့် ကွန်ပျူတာတစ်လုံးသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“သေတာတွေကလည်း ၆ ကောင် မကလောက်ဘူး၊ များတော့များမယ်။ အရာခံဗိုလ် ၂ ယောက်ပါ သေတယ်လို့ သိရတယ်။ အလောင်းတွေ မီးရှို့ထားခဲ့တဲ့ နေရာတွေလည်း တွေ့ရတယ်။ ပဒေသာမိုင်း ၃ လုံးနဲ့ ပေပါမိုင်းဆိုတော့ အတော် ထိတာ။ သူတို့က အုပ်စု လိုက်ကြီး တက်လာတာဆိုတော့။ သူတို့ ပစ္စည်းတွေထားပြီး ထွက်ပြေးသွားတာ၊ ပထမတော့ ၆၀ မမ တစ် လက်တောင်ကျန်ခဲ့တယ်။ ပြီး တော့ ပြန်လာယူသွား တာ။ ဝရုန်းသုန်းကားနဲ့ဆိုတော့ ကျန်နေ ခဲ့တာ၊ အခုတော့ ကိုင်းရွာကနေ စစ်ကြောင်းက ပြန်ဆုတ် သွားပြီ။ သိမ်းမိခဲ့တဲ့အထဲမှာ ကွန် ပျူတာ ၁ လုံးပါ သိမ်းမိတာ၊ ကွန်ပျူတာ ကို စစ်ကြည့်တဲ့အချိန် ကျတော့ ပြည်သူတွေဆီက ခိုးလာတဲ့ ကွန်ပျူတာဖြစ်ဖို့များတယ်။ သူတို့ ကွန် ပျူတာတော့ မဟုတ်လောက်ဘူး” ဟု ညောင်ဦးမြို့နယ်ပကဖ – ပုဂံပြည်ဘီလူးတပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မိုင်းဆွဲမှုကြောင့် သေဆုံးသော စစ်သားများတွင် စစ်တပ်ဘက်မှ အရာရှိ ဗျူဟာမှူးတစ်ဦးပါဝင်ပြီး သေဆုံး ဒဏ်ရာရ အကြမ်းဖက်စစ်သားများကို ဆီမီခုံဆိပ်ကမ်းမှတဆင့် ရေလမ်းအတိုင်း မြင်းခြံမြို့သို့ သယ်ဆောင်သွားကြောင်း၊ ယခုအခါ ကိုင်းရွာမှ ထွက်သွားသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ မရိုးကုန်းရွာသို့ ရောက်ရှိနေပြီး မြင်းခြံမြို့သို့ ပြန်နိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို MP9 PDF ၊ မိုင်းဇာနည် PDF ၊ တလုပ် PDF ၊ One PDF ၊ MGN 9 Star ၊ ဧရာဝတီမင်းသား PDF နှင့် ပုဂံပြည် ဘီလူးတပ်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article