25 C
Yangon

၀ိုင်းမော်မြို့အနီးရှိ စစ်အင်အား ၂၀၀ ခန့်ရှိသော ကဇူးစစ်တပ်စခန်းကြီးနှင့် ခါးရှီကျေးရွာစစ်တပ်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၄ ခုကို KIA က ယမန်နေ့ညပိုင်း တိုက်ခိုက်သိမ်းပိုက်

Must read

ရန်ကုန်၊ မေ ၂၀

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့အနီးရှိ စစ်အင်အား ၂၀၀ ခန့်ရှိသော ကဇူးစစ်တပ်စခန်းကြီးနှင့် ခါးရှီကျေးရွာစစ်တပ်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၄ ခုကို KIA က ယမန်နေ့ညပိုင်း တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၈ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့သော ၀ိုင်းမော်မြို့နယ်၊ မြစ်ကြီးနား- ဗန်းမော်လမ်းပေါ်ရှိ ကဇူးကျေးရွာ စစ်တပ်စခန်းကို မေလ ၁၉ ရက်နေ့ ည ၈ နာရီတွင် တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း၊ အဆိုပါ ကဇူးစစ်တပ်စခန်းကြီးတွင် စစ်ကောင်စီအင်အား ၂၀၀ ခန့်ရှိပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်း၊ ယင်းနောက် ၀ိုင်းမော်မြို့အဝင် ခါးရှီကျေးရွာစစ်တပ်စခန်းကိုလည်း မေလ ၁၉ ရက်နေ့ ည ၁၁ နာရီအချိန်တွင်လည်းကောင်း သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

“ကဇူးစခန်းမှာ စစ်အင်အား ၂၀၀ လောက်ရှိတာ။ ခွေးအသေများတယ်။ စခန်းကြီးလို့ ပြောရမယ်။ နောက်တစ်ခါ ၀ိုင်းမော်မြို့အဝင်နားက ခါးရှီကျေးရွာ စစ်တပ်စခန်းကိုလည်း မနေ့ည ၁၁ နာရီကျော်မှာ သိမ်းပိုက်ရရှိပါတယ်။ တိုက်ပွဲက ၀ိုင်းမော်မြို့ နားရောက်နေပါပြီ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် မေလ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်၏ တောင်ပေါ် တပ်စခန်း ၂ ခုဖြစ်သော ဗျင်ပို ကောင်စခန်းနှင့် လိုင်ဖေါင်စခန်းတို့ကိုလည်း KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိကြောင်း၊ ၀ိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာရှိ ခမရ ၃၂၁ တပ်စခန်းဌာနချုပ်ကို သိမ်းပိုက်ရရှိရေး ဆက်လက် ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။

“ဒီမနက်ရွှေညောင်ပင်မှာ တိုက်ပွဲတော်တော်ပြင်းထန်နေပါတယ်။ စစ်တပ်က လေယာဉ်တွေ လက်နက်ကြီးတွေ တအားသုံးနေတယ်” ဟု KIA သတင်းရင်း မြစ်က ရှင်းပြသည်။

ကချင်ပြည်နယ်တွင် မတ်လ ၇ နေ့မှ စတင်ခဲ့သော စစ်ဆင်ရေးများအတွင် စစ်ကောင်စီတပ်စခန်း ၁၀၀ ကျော်ကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article