25 C
Yangon

ဂန့်ဂေါခရိုင် ရဲစခန်းမှ ရဲတပ်သား ၁ ဦးက ခဲယမ်းတွေ ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ မေ ၂၀

မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ ခရိုင်ရဲစခန်းမှ ရဲတပ်သား ၁ ဦး ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း FRF (Gangaw) အဖွဲ့ထံမှ သိရသည်။

မေလ ၁၉ ရက်နေ့တွင် ဂန့်ဂေါခရိုင် ရဲစခန်းမှ လုပ်သက် ၅ နှစ်ရှိပြီဖြစ်သော ရဲတပ်သား ကျော်ဇင်ထွန်းသည် Senthang Revolution Force Battalion -2 Company-3 (FRF-Gangaw) အဖွဲ့ကို ဆက်သွယ် လာသောကြောင့် FRF(Gangaw) အဖွဲ့ နယ်မြေ ပကဖနှင့် ပူးပေါင်း၍ အလင်း၀င်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အလင်းဝင်လာတဲ့ ရဲတပ်သား ကျော်ဇင်ထွန်းသည် ၇.၆၂ ကျည် ၆၃ တောင့် ၊ ၅.၅၆ ကျည် ၂၂ တောင့်၊ ၉မမ ကျည် ၇ တောင့်နှင့်အလင်း ဝင်ရောက်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် လွတ်မြောက်နယ်မြေဆီ ပို့ဆောင်ထားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article