26 C
Yangon

တောင်ကိုရီးယားလွှတ်တော်အမတ်များက မြန်မာပြည် စစ်အာဏာသိမ်းမှုမှ လွတ်မြောက်ပြီး ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေး ဆက်လက် ထောက်ခံသွားမည်ဟု ကတိပြု

Must read

ရန်ကုန်၊ မေ ၂၀

တောင်ကိုရီးယားနိုင်ငံရှိ လွှတ်တော်အမတ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ တွေ့ဆုံကာ မြန်မာ့ ဒီမိုကရေစီ တော်လှန်ရေးဆွေးနွေးခဲ့ကြပြီး တောင်ကိုရီးယားလွှတ်တော်အမတ်များက မြန်မာပြည် စစ်အာဏာသိမ်းမှုမှ လွတ်မြောက်ပြီး ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေး ဆက်လက် ထောက်ခံသွားမည်ဟု ကတိပြုပြောကြားခဲ့ကြောင်း သိရှိရသည်။

ယနေ့ မေလ ၂၀ ရက်နေ့တွင် တောင်ကိုရီးယားလွှတ်တော် အမတ်များ ဖြစ်သည့် အီ‌ယုန်ဆောန်း၊ စောယောင်းဆော့ဂ်၊ အီဟတ်ယောင်၊ ယုန်ဟဲအင်း၊ ဆောင်ဂုံဝဲတက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဘတ်အွန်းဟုန်း တို့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးများ တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

တွေ့ဆုံပွဲတွင် ဝန်ကြီး ‌ဒေါ်ဇင်မာအောင်က မြန်မာပြည် လက်ရှိ အခြေအနေအပါအဝင် စစ်ကောင်စီသည် အဘက်ဘက်က ကျဆုံးနေပြီး တော်လှန်ပြည်သူများဘက်က တိုးတက်အောင်မြင်နေကြောင်း၊ ထိန်းချုပ်နိုင်သည့် နယ်မြေများ တိုးပွားလာခြင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်နေခြင်း၊ ဖက်ဒရယ်တည်ဆောက်မှုကို အောက်ခြေမှ စတင်နေခြင်းများသည် NUG နှင့် တော်လှန်ပြည်သူများဘက်က ‌တိုးတက်အောင်မြင်နေခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုခဲ့ကာ တောင်ကိုရီးယားနိုင်ငံ၏ အကြမ်းဖက်စစ်ကောင်စီကို နေရာပေး မဆက်ဆံသည့်မူကို ဆက်လက်ကျင့်သုံးရန် တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယခင် အစိုးရလက်ထက်က ချမှတ်ထားခဲ့သည့် စစ်ကောင်စီအပေါ် စစ်ရေး စီးပွားရေး ကန့်သတ်ထားမှုများကို ယခု အစိုးရလက်ထက်တွင် လျော့ပါးမသွားအောင် လွှတ်တော်မှ ထိန်းကျောင်းပေးရန် တိုက်တွန်းခဲ့ပြီး ကိုရီးယား Posaco နှင့် စစ်ကောင်စီ အကျိုးတူလုပ်နေသည့် ကိစ္စများကိုလည်း လွှတ်တော်မှ ထိန်းကျောင်းပေးရန် ပြောကြားခဲ့ကြောင်း ၊ ဝန်ကြီး ဦးတင်ထွန်းနိုင်ကလည်း NUG အစိုးရ၏ နယ်မြေထိန်းချုပ်နိုင်မှုနှင့် အခွန်ရမှုများကို ဖြည့်စွက် ပြောကြားခဲ့ကြောင်း သိရှိရသည်။

တောင်ကိုရီးယားလွှတ်တော်အမတ် အီယုန်ဆောန်းက တောင်ကိုရီးယားအစိုးရသည် စစ်ကောင်စီကို အသိအမှတ် မပြုသည့် မူဝါဒအား မပြောင်းလဲပါကြောင်း၊ လွှတ်တော်ကလည်း စောင့်ကြည့်နေပါကြောင်း၊ လူသားချင်းစာနာမှု အကူအညီပေးသွားရန်နှင့် တောင်ကိုရီးယားအစိုးရက တိုးတက်သည့် ‌လုပ်ဆောင်မှုများ ဖြစ်ပေါ်လာရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသွားကာ လွှတ်တော်အမတ် စောယောင်းဆော့ဂ်ကလည်း Posaco လုပ်ငန်းများကို စောင့်ကြည့်လေ့လာနေပါကြောင်း၊ မြန်မာ့အရေးကို ကိုရီးယားလွှတ်တော်ဘက်မှ မေ့လျော့သွားမှာ မဟုတ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article