25 C
Yangon

ယင်းမာပင်မြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးနှင့် စုပေါင်းရုံး၌ အထိုင်ချတပ်စွဲထားသော စစ်သား၊ ရဲများကို ၂ ရက်ဆက်တိုက် လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၂၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သား၊ ရဲများတပ်စွဲထားသော ရဲစခန်းနှင့် စုပေါင်း ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ -ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၂၀ ရက် နံနက် ၄ နာရီ မိနစ် ၃၀ အချိန်က ယင်းမာပင်မြို့ရဲစခန်းနှင့် စုပေါင်းရုံး၌ စစ် ကြောင်း ၂ ကြောင်းခွဲကာ အင်အား ၅၀ ခန့် ထပ်တိုးခဲ့ကြောင်း၊ ထို့နောက် နံနက် ၅ နာရီအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး နံနက် ၇ နာရီခန့်တွင် ပြန်လည် ဆုတ်ခွာလာခဲ့ ကြောင်း သိရသည်။

“သူတို့ အင်အားတိုးထားတဲ့အချိန်သွားပစ်တာ၊ ယင်းမာမြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်ခွေးတွေပါပဲ၊ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ နောက်ဆက်တွဲသတင်းတော့မရသေးဘူး။ ကျနော်တို့ ရဲဘော်တွေ အားလုံး ဘေးအန္တရာယ်ကင်းစွာနဲ့ ပြန်ဆုတ်နိုင်ခဲ့ပါတယ်” ဟု ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ -ကျား သစ်နက်တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၁ ကျားသစ်နက်တပ်မတော် -Blcak Leopard Army ၊ ချင်းတွင်း ဒိုင်းနမိုက် ၊ တောင်ပံနီ၊ Brother Defense Force ၊ Royal Brother မျက်လုံး စစ် ကြောင်း၊ ဒေါင်းမင်း တပ်ခွဲ ၂ ၊ Brave Eagle Revolution Force နှင့် Chindwin Toe Na Yar တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြေင်း သိရသည်။

အလားတူ ယနေ့ မေလ ၂၁ ရက် နံနက် ၅ နာရီ မိနစ် ၄၀ အချိန်ကလည်း ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ အခိုင်အမာတပ်စွဲထားသော ထွေအုပ်ရုံးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ChinDwin DynaMite (Salingyi) တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ChinDwin DynaMite(Salingyi) ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ တပ်ခွဲ ၃ ၊ တောင်ပံနီ (အထူး‌ပြောက်ကျား)တပ်ဖွဲ့၊ Brother Defence Force ၊ Royal Brother ၊ မျက်လုံးစစ် ကြောင်း”ကျားသစ်နက် တပ်မတော်၊ ဒေါင်းမင်းတပ်ခွဲ ၂ ၊ Brave Eagle ravolaution Force နှင့် Chindwin Toe Na Yar အဖွဲ့တို့ ပူးပါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article