25 C
Yangon

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်စေရန် ပြည်သူများကို သတ်ဖြတ် မီးရှို့မှုများ ဆောင်ရွက်နေမှု NUG က စိုးရိမ်

Must read

ရန်ကုန်၊ မေ ၂၁

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်စေရန် ပြည်သူများကို သတ်ဖြတ် မီးရှို့မှုများ ဆောင်ရွက်နေမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ -NUG က စိုးရိမ်ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီက လူမျိုးရေး ပဋိပက္ခ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဘူးသီးတောင် ဒေသခံ ရခိုင်ပြည်သူနှင့် ဟိန္ဒူပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှု၊ ဘူးသီးတောင်ဒေသခံ ပြည်သူများ၏ နေအိမ်များ လောင်ကျွမ်းစေရန် လေကြောင်းမှ တစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုနှင့် ရိုဟင်ဂျာ ပြည်သူများ အပါအဝင် ဒေသခံ ပြည်သူအများအပြား နေရပ်မှ ဖိအားပေး ပြောင်းရွှေ့ခံရမှု၊ အများပြည်သူပိုင် အဆောက်အဦးများ ဖျက်ဆီးခံရမှု၊ ကျေးရွာများ မီးရှို့ခံရမှုများနှင့် ပတ်သက်ပြီ NUG အစိုးရ အနေဖြင့် များစွာ စိုးရိမ်မိကြောင်း၊ ထို့ပြင် အရေအတွက် အတိအကျ အတည်မပြုနိုင်သော ပြည်သူများ သတ်ဖြတ်ခံရခြင်းနှင့် ထိခိုက် ဒဏ်ရာရရှိသည်ဟု စွပ်စွဲပြောဆိုမှုများလည်း ရှိနေသည်မှာ စိတ်ပူစရာ အခြေအနေဖြစ်ကြောင်း NUG က ပြောသည်။

NUG အစိုးရအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဆိုးရွားနေသော အခြေအနေများ ဆက်လက် ဖြစ်ပွားနေမည်ကိုလည်း အထူးစိုးရိမ်ပူပန်မိကြောင်း၊ အရပ်သားပြည်သူများနှင့် ပြည်သူပိုင်ပစ္စည်းများအား တိုက်ခိုက်ဖျက်ဆီးနေခြင်းကို ရပ်တန့်ရန်တောင်းဆိုနေကြသော အခြားအဖွဲ့အစည်းများနှင့်အတူ တကွ ရပ်တည်ပြီး တောင်းဆိုမှုများတွင် အရပ်သားပြည်သူများ၊ ပြည်သူပိုင်ပစ္စည်းများနှင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ထိခိုက်လွယ်သောသူများကို အကာအကွယ် ပေးရန်နှင့် နယ်စပ်ဖြတ်ကျော် အကူအညီများအပါအဝင် အကန့်အသတ်မဲ့ လူသားချင်းစာနာ အကူအညီများ အားလုံးကို လူမျိုးဘာသာမရွေး တန်းတူညီမျှစွာ အချိန်မဆိုင်းပဲ ရရှိနိုင်ကြရန် NUG အစိုးရက တောင်းဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ လိုက်နာစောင့်ထိန်းရမည့် စည်းမျဥ်းဥပဒေများနှင့် စစ်ဘက်ဆိုင်ရာ စစ်သည်တော်တို့ လိုက်နာရမည့် ကျင့်ဝတ်ဥပဒေများကိုပါ အပြည့်အဝလေးစား လိုက်နာလျက် ရှိကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် အဆိုပါ စံနှုန်းများအတိုင်း ဆက်လက်ရပ်တည် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ မည်သည့်အဖွဲ့အစည်းမဆို ဥပဒေနှင့်အညီ အတူတကွ လုပ်ဆောင်ကြရန် မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ၊ ရခိုင်များနှင့် အခြားလူမျိုးစုများ အပါအဝင် တစ်နိုင်ငံလုံးရှိ လူနည်းစု လူမျိုးများအပေါ် ရှက်ဖွယ်ကောင်းသည့် ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခံ ခဲ့ရမှုများကို် အမြဲအမှတ်ရနေမည်ဖြစ်ကြောင်း၊ အလားတူ အဖြစ်အပျက်များ နောင်အနာဂတ်တွင် ထပ်မံမဖြစ်ပွားစေရန်လည်း ခိုင်မြဲစွာ ကတိပြုပြီး မတူကွဲပြားသော လူမျိုးများအကြား သွေးကွဲစေသည့် လုပ်ရပ်မှန်သမျှကို ရပ်တန်းက ရပ်ကြရမည့် အချိန်ဖြစ်ကြောင်း NUG အစိုးရက ပြောဆိုထားသည်။

NUG အနေဖြင့် စစ်အာဏာရှင်စနစ်ပျက်သုဥ်းရေးသာမက ပြည်သူများ အားလုံး ငြိမ်းချမ်းစွာ အတူတကွယှဥ်တွဲ နေထိုင်နိုင်ရေးအတွက် လိုအပ်သော အခြေခံကျသည့် ပြောင်းလဲမှုတခုလုံးကို အမြင်သဘောတူညီစွာ ဆက်လက်ဆောင်ရွက်သွားရန် ကတိပြုထားကြောင်း မိမိတို့အားလုံးသည် ယုံကြည်မှုတည်ဆောက်ခြင်း၊ အပြန်အလှန်လေးစားခြင်း၊ နားလည်ခြင်းနှင့် သဘောထားအမြင် ကြီးခြင်းများကို ဆက်လက်မွေးမြူ မြှင့်တင် သွားကြရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် Rosenthal အစီရင်ခံစာ၏ အကြံပြုချက်များကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် တရားမျှတမှုကို အထောက်အပံ့ပေးသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ဆက်လက်လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဓာတ်ပုံ – ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့စဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article