25 C
Yangon

ဆီဆိုင်မြို့နယ်တွင် မေလအတွင်း တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃၀ ဦးထက်မနည်းသေဆုံး၊ စစ်တပ်က မီးရှို့ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၄၀ ကျော်ပျက်စီး

Must read

ဆီဆိုင်မြို့နယ်တွင် မေလအတွင်း တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃၀ ဦးထက်မနည်းသေဆုံး၊ စစ်တပ်က မီးရှို့ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၄၀ ကျော်ပျက်စီး

■ စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်ရှောင်နေရ

ရန်ကုန်၊ မေ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် မေလအတွင်း တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃၀ ဦးထက်မနည်းသေဆုံးကာ အကြမ်းဖက် စစ်တပ်က မီးရှို့ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၄၀ ကျော်ပျက်စီးခဲ့ကြောင်း PNLA သတင်း နှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

မေလ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA နှင့် စစ် ကောင်စီတပ် ၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်တို့အကြား တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) အနေဖြင့် ပအိုဝ်းအချင်းချင်း တိုက်ခိုက်မည် မဟုတ်သော်လည်း စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့သည် စစ်အာဏာရှင် တပ်ဖွဲ့များနှင့် အတူ သွားလာခြင်း ၊ ပအိုဝ်းဒေသရှိ ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း မီးရှို့ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များအား တိုက်ခိုက်ခြင်းများကြောင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် အပါအဝင် ပအိုဝ်းဒေသ၌ အကြမ်းဖက် စစ်ကောင်စီနှင့် စစ် ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များက ကျေးရွာများအတွင်း စစ်ကြောင်းထိုးကာ ကျေးရွာ များကို ဖျက်ဆီးနေခြင်းကြောင့် တိုက်ပွဲများမှာ နေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

မေလ ၉ ရက်နေ့တွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များသည် ဆီဆိုင်မြို့ နယ်နောင်ရင်းကျေးရွာ ရွာသူကြီး ခွန်ဇာခွန် နှင့် ညီဖြစ်သူ ခွန်ပလွန်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ထို့အပြင်မေလ ၂ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်များက ဖမ်းဆီး သွားသည့် နောင်ဗိုကန်တော်လေး ရွာသူကြီး ဖြားခွန်လျောကို ယနေ့အထိ ပြန်လွှတ်ပေးခြင်း မရှိ သေးကြောင်း သိရသည်။

ထို့အတူ မေလ ၆ ရက်နေ့တွင်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် ထီဗွာ (ရေဖြူ) ကျေးရွာ ဒေသနေပြည်သူ ၉ ဦးကို ဖမ်းဆီးသွားရာ လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးဟု ဆိုသည်။

အကြမ်းဖက် စစ်တပ်နှင့် စစ်တပ် လက်အောက်ခံပြည်သူ့စစ်များသည် မေလ ၁၅ ရက်နေမှ ၁၇ ရက်နေ့ အထိ ၃ ရက်တိုင်တိုင် ဆီဆိုင်မြို့နယ် ထီဗွာ (ရေဖြူ) ကျေးရွာ မှ ပြည်သူ့ နေအိမ် ၂၄ လုံးထက် မနည်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိအချိန်အထိ တပ်စွဲထားကာ ပြည်သူပိုင် အိမ်မွေးတိရစ္ဆာန်များကို ခိုးယူ သတ်ဖြတ်စားသောက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မေလ ၁၆ ရက်နှင့် ၁၇ ရက်တွင် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာနှင့် ကောင်ဝိန်းကြီး ကျေးရွာထဲသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် အကြိမ် ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နောင် ကျောကျေးရွာမှ နေအိမ် ၁၀ လုံးထက်မနည်း၊ ကောင်ဝိန်းကြီးကျေးရွာမှ နေအိမ် ၈ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်နှင့် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်များသည် ၎င်းတို့ရောက်ရှိသည့် ကျေးရွာ များတွင် ပြည်သူလူထု၏ ကားများ၊ ဆိုင်ကယ်များ အပြင် ကုန်စုံဆိုင်အတွင်းရှိ ပစ္စည်းများကိုလည်း သိမ်းယူလျက်ရှိပြီး ၎င်းတို့ စစ်ကြောင်းထိုးလာမှုကြောင့် ဆီဆိုင်မြို့နယ် ကောင်ဝိန်းကြီး၊ နောင် ကျော၊ နောင်ရင်း ၊ ရေဖြူ၊ ကန်တော်လေး စသည့် ကျေးရွာ ၂၀ ကျော်မှ ပြည်သူ ၁၃၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article