28 C
Yangon

အမှန်တရားထက် အလှူရှင်များအကြိုက် မျက်နှာ ပြောင်တိုက်သော ကြောင်သူ တော်မိတ်ဆွေများအတွက် ထိုက်တန်သော နိုင်ငံရေးအနာဂတ်တွင် နေပျော်စေရန် ဆုတောင်းဟု AA စစ်ဦးစီးချုပ် ပြောဆို

Must read

အမှန်တရားထက် အလှူရှင်များအကြိုက် မျက်နှာ ပြောင်တိုက်သော ကြောင်သူ တော်မိတ်ဆွေများအတွက် ထိုက်တန်သော နိုင်ငံရေးအနာဂတ်တွင် နေပျော်စေရန် ဆုတောင်းဟု AA စစ်ဦးစီးချုပ် ပြောဆို

ရန်ကုန်၊ မေ ၂၂

ရခိုင်အရေးနှင့်ပတ်သက်၍ ကြောင်းကျိုးဆီလျှော်သော အမှန်တရားထက် အလှူရှင်များအကြိုက် မျက်နှာ ပြောင်တိုက်သော ကြောင်သူတော်မိတ်ဆွေများအနေဖြင့် ၎င်းတို့နှင့် ထိုက်တန်သော နိုင်ငံရေးအနာဂတ်တွင် နေပျော်စေရန် ဆုတောင်းလိုက်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန် ပြောဆိုလိုက်သည်။

ယနေ့တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ် သက်၍ အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီးဌာနကလည်းကောင်း၊ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူများ၊ တော်လှန်ရေးအင်အားစုတချို့နှင့် အရပ်ဘက်အဖွဲ့ ၁၉၅ ဖွဲ့ကလည်းကောင်း၊ NUG ကလည်းကောင်း ကြေညာ ချက်များ အသီးသီးထုတ်ပြန်ခဲ့ပြီး ယင်းကြေညာ ချက်များတွင် ရခိုင်ပြည်မှ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇ ဝတ်မှုဆိုင်ရာ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမှုများ ပါဝင်လာခြင်းဖြစ်သည်။

AA စစ်ဦးစီးချုပ်၏ ထုတ်ပြန်ချက်တွင် ကြောင်းကျိုးဆီလျှော်သော အမှန်တရားထက် အလှူရှင်များအကြား မျက်နှာပြောင်တိုက်မှု အဖြစ် ညွှန်းဆိုထားပြီး ကြောင်သူတော် မိတ်ဆွေများအတွက် ထိုက်တန်သော နိုင်ငံရေး အနာဂတ်တွင် စံပျော်စေကြရန် ဆုတောင်းလိုက်သည်ဟု ရေးသားထားသည်။

“‘ယေဓမ္မဟေတုပ္ပဘာဝါ’-ကြောင်းကျိုးဆီလျှော်သောအမှန်တရားထက် ၊ အလှူ့ရှင်များ အကြိုက်မျက်နှာ ပြောင်တိုက်ကြလေသောကြောင်သူတော်မိတ်ဆွေတို့အတွက်၊ သင်တို့နှင့်ထိုက်တန်သောနိုင်ငံရေးအနာဂတ်မှာစံပျော်ရပါစေကြောင်းဆုတောင်းလိုက်ပါသည်” ဟု AA စစ်ဦးစီးချုပ်က ရေးသားထား သည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်း ရိုဟင်ဂျာများ၏ နေအိမ်များကို မီးရှို့မှုများ၊ သတ်ဖြတ်မှုများ ရှိနေသည်ဆိုသော စွပ်စွဲချက်များကို ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူများက ဆက်တိုက်ဆိုသလို ထုတ်ပြန်လျက်ရှိနေသော်လည်း အဆိုပါ စွပ်စွဲချက်များနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက ယုံကြည်ရသော မြေပြင်သတင်းရင်းမြစ်များ၏ အတည်ပြုမှု ရရှိထားခြင်းမရှိသေးပေ။

စစ်တပ်လော်ဘီများနှင့် စစ်ကောင်စီထောက်ခံသော တယ်လီဂရမ်ချန်နယ်များကလည်း AA က ရိုဟင်ဂျာများ၏ နေအိမ်များကို မီးရှို့ပြီး သတ်ဖြတ်မှုများ လုပ်ဆောင်နေသည်ဆိုသော စွပ်စွဲမှုများနှင့် သတင်းအတု သတင်းအမှားများကို ဆက်တိုက် ဆိုသလို ထုတ်ပြန် လျက်ရှိနေသည်ကို မြင်တွေ့ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article