26 C
Yangon

တောင်ငူတွင် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးနေ‌သော ရပ်ကွက် အုပ်ချုပ်ရေးမှူး ကြည်စိုး နေအိမ်သို့ လက်ပစ်ဗုံး ပစ်သွင်းခံရပြီးနောက် ရာထူးမှ နုတ်ထွက် တိမ်းရှောင်

Must read

တောင်ငူတွင် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးနေ‌သော ရပ်ကွက် အုပ်ချုပ်ရေးမှူး ကြည်စိုး နေအိမ်သို့ လက်ပစ်ဗုံး ပစ်သွင်းခံရပြီးနောက် ရာထူးမှ နုတ်ထွက် တိမ်းရှောင်

ရန်ကုန်၊ မေ ၂၃

ပဲခူးတိုင်း၊ တောင်ငူမြို့တွင် စစ်သားသစ် စုဆောင်းပေးနေ‌သော ထီးလှိုင် ၁ ရပ် ကွက် အုပ်ချုပ်ရေးမှူး ကြည်စိုးနေအိမ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ပြီး ၁ ရက်အကြာ အုပ်ချုပ်ရေးမှူး ရာထူးမှ နုတ်ထွက် တိမ်းရှောင်သွားကြောင်း မြို့ပြတော်လှန် ရေး အင်အားစု (မတအ) တာဝန်ခံ စစ်သူကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၁ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် တောင်ငူမြို့ ထီးလှိုင် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကြည်စိုးနေအိမ်သို့ မြို့ပြတော်လှန်ရေး အင်အားစုမှ ရဲဘော်များက လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း၊ သို့ရာတွင် အုပ်ချုပ်ရေးမှူးကြည်စိုးမှာ နောက်တစ်နေ့တွင် ရာထူးမှ နုတ်ထွက်သွားကြောင်း သိရသည်။

“တောင်ငူမြို့ခံ မြို့ပြ တော်လှန်ရေးအဖွဲ့က မေလ ၂၁ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်မှာ တောင်ငူမြို့ ထီးလှိုင် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကြည်စိုး နေအိမ်ကို လက်ပစ်ဗုံး ၁ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့တယ်။ တိုက်ခိုက်မှုကြောင့် ထိခိုက်မှုမရှိခဲ့ပါဘူး။ အုပ်ချုပ်ရေးမှူးကတော့ မေလ ၂၂ ရက်နေ့ မှာ တောင်ငူခရိုင် ထွေအုပ်ရုံးကို နုတ်ထွက်စာ တင်သွင်းတယ်လို့ သိရတယ်။ သူ့ Facebook မှာလည်း နုတ်ထွက်ပြီးဆိုတာ တရားဝင် ကြေညာခဲ့တယ်” ဟု မြို့ပြတော်လှန်ရေး အင် အားစု (မတအ) တာဝန်ခံ စစ်သူကြီးက ပြောဆိုသည်။

အဆိုပါ အုပ်ချုပ်ရေးမှူး ကြည်စိုးသည် သစ်မှောင်ခို လုပ်ခြင်း၊ လောင်းကစားဝိုင်းများ ထောင်ခြင်း၊ စစ် ထဲဝင်ရန် ပြည်သူများကို ဖိအားပေးခြင်းကြောင့် ထီးလှိုင် ၁ ရပ်ကွက်မှ လူငယ်များမှာမိသားစုလိုက် တိမ်းရှောင်နေရခြင်း စသည့် ပြည်သူလူထု၏ တိုင်ကြားမှုများကြောင့် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့ပြတော်လှန်ရေး အင်အားစု (မတအ) တာဝန်ခံ စစ်သူ ကြီး က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article