25 C
Yangon

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မစောတံတား မိုင်းခွဲခံရသဖြင့် ပြိုကျသွားပြီး လူ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိ

Must read

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မစောတံတား မိုင်းခွဲခံရသဖြင့် ပြိုကျသွားပြီး လူ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိ

ရန်ကုန်၊ မေ ၂၃

မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် ဘီးလင်းမြို့အနီး မစောတံ တား မိုင်းခွဲခံရသဖြင့် ပြိုကျသွားပြီး လူ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၃ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်အချိန်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နှင့် သထုံမြို့အကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တောင်ကလေးကျေးရွာအနီးရှိ မစောတံတားမှာ မိုင်းခွဲခံရပြီး ပြိုကျသွားကြောင်း၊ တံတားပြိုကျစဉ် ဆိုင်ကယ် ၃ စီး ဖြတ်သန်းနေချိန်ဖြစ်၍ ဆိုင်ကယ်စီးနင်းသူ ၄ ဦးပါ တံ တားပြိုကျမှု တွင်ပါဝင်သွားရာ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိထားကြောင်း သိရှိရသည်။

“အခုထက်ထိတော့ အလောင်း ၁ လောင်းတွေ့တယ်။ အခုတော့ သယ်သွားပြီ။ လမ်းတွေတော့ အကုန်ပိတ်သွားပြီ။ ကားတွေလည်း ဖြတ်မရတော့ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော မိုင်းခွဲခံရ၍ ပျက်စီးသွားသည့် တံတားသည် ယခင်ရက်ပိုင်းအတွင်း မိုင်းခွဲခံရသည့် ကျုံအိတ်တံတားနှင့် မလှမ်းမကမ်းတွင် ရှိနေကြောင်း ၊ လက်ရှိတွင် ခရိုင်ချင်းဆက်လမ်းများမှ ကွေ့ပတ်သွားရန် ကားသမားများက လမ်းရှာဖွေနေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article