29 C
Yangon

အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲကို KIO/KIA အနေဖြင့် လက်မခံသဖြင့် အတုအယောင်ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် အရာမှန်သမျှကို လက်ခံစရာ အကြောင်းမရှိဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ ပြောဆို

Must read

ရန်ကုန်၊ ဧပြီ ၂၁

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA အနေဖြင့် စစ်တပ်က ပြုလုပ်ခဲ့သော အတုအယောင် ရွေး ကောက်ပွဲကို လက်မခံထားသဖြင့် အဆိုပါ ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် အရာမှန်သမျှကိုလည်း လက်ခံစရာ အကြောင်းမရှိကြောင်း KIO/KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက် မှတ်ရေးထိုးထားခြင်း မရှိသော တိုင်းရင်းသားအဖွဲ့များနှင့် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ယမန်နေ့ ထုတ်ပြောမှုနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့အနေနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လက်ခံထားခြင်းမရှိလို့ ရွေး ကောက်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့အရာမှန်သမျှကိုလည်း လက်ခံစရာအကြောင်းမရှိပါဘူး။ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုနဲ့ပတ်သက်လို့ကတော့ ဗဟိုကော်မတီက ဘာမှ ပြောထားတာ မရှိသေးပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးအတွက် မဖြစ်နိုင်သည့်အရာများကို လျှောက်တောင်းဆိုပြီး မိမိအဖွဲ့အစည်းတည်တံ့ခိုင်မြဲရေးအတွက်လုပ်နေလျှင် မှားမည်ဖြစ်ကြောင်း ပြော ဆိုခဲ့သည်။

အဆိုပါ ပြောဆိုချက်အပေါ် ဗိုလ်မှူးကြီး နော်ဘူက” ကျနော်တို့က ဘာမှ မဖြစ်နိုင်တာ တောင်းတာမဟုတ်ဘူး။ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကိုသွားဖို့ပဲ ဆွေးနွေးခြင်းဖြစ်ပါတယ်။ တောင်းဆိုတာလည်းမဟုတ်ဘူး။ ညှိနှိုင်းဆွေးနွေးခြင်းသာဖြစ်ပါတယ်။ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့အခွင့်အရေးကို ညှိနှိုင်းဆွေးနွေးခြင်းသာဖြစ်ပါတယ်။ သူတို့ကသာ သူတို့ အာဏာတည်မြဲရေးအတွက် လုပ်နေတာဖြစ်တယ်” ဟု ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က NCA တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသော အဖွဲ့များ၊ အပစ်ရပ်လက်မှတ်ရေးထိုးထားခြင်မရှိသော အဖွဲ့များအနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်း ချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း ထုတ်ဖော်ပြောဆိုထားသော်လည်း လက်တွေ့တွင် ယမန်နေ့အထိ တစ်နိုင်ငံလုံးတွင် တိုင်းရင်းသားနယ်မြေများပါမကျန်အကြမ်းဖက်စစ်တပ်က လေကြောင်း တိုက် ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း တိုင်းရင်းသားတော်လှန်ရေးတပ် သတင်းရင်းမြစ်များက ထုတ်ဖော်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article