26.9 C
Yangon

မြင်းခြံမြို့နယ်၊ ကိုင်းရွာမှ ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံး

Must read

မြင်းခြံမြို့နယ်၊ ကိုင်းရွာမှ ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၃

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း မန္တလေး ခရိုင်တပ်ရင်း ၆ (NDA) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကိုင်းရွာမှ ထွက်လာသော အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

“အင်အား ၇၀ ခန့်ပါတဲ့ အကြမ်းဖက် စစ်ခွေး စစ်ကြောင်းကို ကျွန်တော်တို့ မန္တလေးခရိုင် တပ်ရင်း ၆ (NDA) နဲ့ မဟာမိတ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာ တိုက်ပွဲဖြစ်ပွားပြီးတော့ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးခန့် မျက်မြင် သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ခွေးတွေလည်း များတယ်” ဟု မန္တလေး ခရိုင်တပ်ရင်း ၆ (NDA) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင် တပ်ရင်း ၆ နှင့် အတူ MGN 35 ပြောက်ကျားတပ်ဖွဲ့ ၊ MMDF ( mdy) ၊ မြင်းခြံခရိုင်တပ်ရင်း ၂ တလုပ် ၊ MGN tiger ၊ မြင်းခြံ ပကဖ ထုတ်လုပ်ရေး တပ်ဖွဲ့ နှင့် အခြားသော မဟာမိတ် အဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article