27 C
Yangon

သံတောင်ကြီး၊ ဘုရင့်နောင် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း၏ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်အောင်က မူးယစ်ဆေးဝါး လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေပြီး တပ်တွင်းဖိနှိပ်မှုများ လုပ်ဆောင်

Must read

ရန်ကုန်၊ မေ ၂၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ဘုရင့်နောင်တိုက်ခိုက်ရေးကျောင်း ၏ ကျောင်းအုပ်ကြီးဖြစ်သူ ဗိုလ်မှူးချုပ် အောင်အောင်သည် မူးယစ်ဆေး ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းများနှင့် ပါဝင်ပတ်သက်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီ၏ ဘုရင့်နောင် တိုက်ခိုက်ရေး သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဗိုလ်မှူးချူပ်အောင်အောင်သည် ပြင်ပမှ မူးယစ်ဆေးဝါး သယ်ယူဖြန့်ဖြူးရောင်းချမှုများကို လာဘ်ငွေယူ ခွင့်ပြုမှုများရှိနေသည့်အပြင် တပ်တွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှု လုပ်ငန်းများတွင်ပါ နည်းလမ်းမျိုးစုံဖြင့် ပါဝင်ပတ်သက်နေကြောင်း၊ သင်တန်းကျောင်းအတွင်း မူးယစ်ဆေးဝါးအသုံးပြုမှုများ တွင်ကျယ်နေပြီး ယင်းသို့ တွင်ကျယ်နေမှုများမှာ သင်တန်းကျောင်းအုပ်ကြီး ကိုယ်တိုင်က မူးယစ်ဆေးဝါးရောင်းချမှုများ အပေါ် ပါဝင်ပတ်သက်နေခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

“ဒီမူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သူ့ကို တိုင်တာမျိုးတွေ လုပ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘူး။ တိုင်ဖို့ ကြိုးစားသူတွေကိုတောင် ဖရဲသီးပါဆိုပြီး သူက နှိပ်ကွပ်တယ်။ နောက်တစ်ခုက သံတောင်ကြီးရဲ့ နယ်မြေ အခြေအနေက အရမ်းဆိုးဝါးနေတဲ့အတွက် အထက်ကလည်း ဖိဖိစီးစီး မကိုင်တွယ်နိုင်တော့ဘူး” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်အောင်က သံတောင်ကြီးမြို့မှ အရပ်သားအမျိုးသမီးတစ်ဦးကိုလည်း နိုင်ငံရေး လုပ်သည်ဟုစွပ်စွဲပြီး ဖမ်းဆီးခဲ့ကြောင်း၊ ဘုရင့်နောင်တိုက်ခိုက်ရေး သင်တန်းကျောင်းအတွင်းရှိ တပ်မိသားစု အခြေခံပညာ အထက် တန်းကျောင်းမှ ကျောင်းဆရာမတစ်ဦးကိုလည်း ပြင်ပသို့ သတင်းများ ပေါက်ကြားစေသော ဖရဲသီးလုပ်သည်ဟုဆိုကာ ဖမ်းဆီးထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

“ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းက အဖမ်းအဆီးလုပ်ရတာမဟုတ်ဘူး။ အဲဒါကို မဆီ မဆိုင် သံတောင်ကြီးမြို့မှာနေတဲ့ ကရင်မလေး တစ်ယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။ နှစ်ပတ်ရှိနေပြီ။ ဒါပေမဲ့ သတင်းထပ်လိုချင်လို့ဆိုပြီး ခြေမြန်တပ်ထဲမှာ ဖမ်းဆီးစစ်ကြောရေး လုပ်နေတယ်။ သူလုပ်နေတဲ့ တရားမဝင် လုပ်ငန်းတွေ ပြင်ပကို မထွက်အောင် တပ်အလိုကျ အဲဒီလိုတွေ လုပ်နေတာ ” ဟု တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထို့ပြင် ဗိုလ်မှူးချုပ်အောင်အောင်က ဖရဲသီးဟု စွပ်စွဲပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်သူ အခြေခံ ပညာ အထက်တန်းကျောင်းမှ ကျောင်းဆရာမမှာ တပ်မိသားစုဝင် မဟုတ်ဘဲ ပညာရေးဝန်ကြီးဌာနက တာဝန်ချထားသည့် တပ်တွင်း အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမတစ်ဦးဖြစ်ကြောင်း၊

အဆိုပါ ကျောင်းဆရာမသည် အသည်းအဆီဖုံးခြင်းနှင့် လေတစ်ခြမ်းဖြတ်နေခြင်းတို့ကြောင့် ကျန်းမာရေးအရ ထွက်စာတင်ခဲ့ကြောင်း၊ ယင်းသို့ ထွက်စာတင်သည်ကို စစ်တပ် မထောက်ခံသည့်အတွက် ထွက်စာတင်ထားသည်ကို ထွက်ခွင့်မပေးဘဲ ၂၀၂၄ ခုနှစ်မတ်လ ၂၇ ရက်နေ့တွင် ဖရဲသီးဟု စွပ်စွဲ ဖမ်းဆီး၍ ထောင်ချလိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။

အလားတူ ဗိုလ်မှူးချုပ်အောင်အောင်က နယ်မြေ မတည်ငြိမ်ဟုဆိုကာ တိုက်ခိုက်ရေး သင်တန်းကျောင်း အတွင်းတွင် လက်နက်ကြီးများ တပ်ဆင်၍ သံတောင်ကြီးမြို့နယ်၊ ၄-မိုင်ရွာ၊ ပျားစခန်းရွာ စသည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုများရှိကြောင်း သိရှိရသည်။

ဗိုလ်မှူးချုပ် အောင်အောင်၏ မိသားစုသည် နေပြည်တော်တွင် နေထိုင်ပြီး သမီး ၂ ဦးရှိကြောင်း၊ နေပြည်တော်သို့ သွားလျှင် စစ်ကားမသုံးဘဲ အရပ်သားအဖြစ် ဟန်ဆောင်၍ Light Truck ဖြင့်သာ သွားလာကြောင်း တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article