25 C
Yangon

မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာရှိ စစ်စခန်းကို ဒရုန်း၊ ရော့ကတ်များဖြင့် တိုက်ခိုက်၊ မြိုင်မြို့ပေါ် သစ်တောရုံးအနီး တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဖောက်ခွဲ တိုက်ခိုက်

Must read

မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာရှိ စစ်စခန်းကို ဒရုန်း၊ ရော့ကတ်များဖြင့် တိုက်ခိုက်၊ မြိုင်မြို့ပေါ် သစ်တောရုံးအနီး တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၂၄

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဒရုန်း၊ ရော့ကတ်များဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဘာမထီ လက်နက်ကြီး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၄ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီ ၃၀ မိနစ်မှ ၅ နာရီ ၃၀ မိနစ်အထိ မြိုင်မြို့နယ် ဝက်ပုတ်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် အီနာဂါ ဗုံးသီးများ၊ Rocket များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။

“တိုက်ခိုက်မှုမှာ စစ်ခွေးတွေ ပျူခွေးတွေ အနီးအနားတဝိုက်ကို ကျရောက် ပေါက်ကွဲမှုရှိတယ်။ အော်သံတွေ ငိုသံတွေ ကြားရနေပေမဲ့ အထိအခိုက်ကို သေချာ ဆုံစမ်းနေတုန်းပဲ အချက် ၅၀ ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်” ဟု ဘာမထီ လက်နက်ကြီး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ ၊ ဘာမထီ လက်နက်ကြီး အဖွဲ့ ၊ နံ့သာမြေ ယက္ခ ၊ နှင်းဂွေး အဖွဲ့ ၊ သမာမြေ ပြောက်ကျား ၊ မိုးမိတ် ပြောက်ကျား အဖွဲ့နှင့် ဘာမထီ ဒရုန်းတပ်စိတ် တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့ပေါ် သစ်တောရုံးအနီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၆ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြိုင်မြို့ ပေါ် သစ်တောရုံး အနီးတွင် တပ်စွဲထားသော စစ်သားနှင့် ပျူစောထီး ၇ ဦးသည် ပတ်ကင်းလှည့်နေစဉ် မြိုင် ပကဖ ၏ တပ်ဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မိုက်ခဲအဖွဲ့ နှင့် ဘပြောင်အဖွဲ့တို့က ပြင်းအားမြှင့် မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း ဗိုလ်မှူး သက်ဝေထွန်း လက်ဖြတ်တောက်ရသည် ပြင်းထန် ဒဏ်ရာရရှိကာ ကျန် ၆ ဦးမှာလည်း ပြင်းထန် ဒါဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

မြိုင်မြို့နေ ပြည်သူများအနေဖြင့် စစ်သား၊ ပျူစောထီးများ ရှိရာ နေရာများ အနီးတွင် မနေကြရန်နှင့် စစ်ကောင်စီ တပ်သားများရှိရာ အချိန်နေရာမရွေး တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article