25 C
Yangon

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အဝင် တံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

Must read

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အဝင် တံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၄

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အဝင် တံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်ထံမှ သိရသည်။

မေလ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၂၅ မိနစ်ခန့်တွင် ကလိန်အောင်မြို့အဝင် တံတားစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ၁ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ကလိန်အောင်မြို့အဝင် တံတား စစ်ဆေးရေးဂိတ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) ၊ ကော်သူးလေ အာမီ (KTLA) နှင့် ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (S.B.L) တို့က ပူပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန်သည် အကြမ်းဖက် စစ်တပ်ကို စစ်ရေးအရှိန်မြှင့် တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြရန် တော်လှန်ရေး တပ်ဖွဲ့များက အသိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article