ကနေဒါနိုင်ငံ၊ အော်တိုဝါမြို့ရှိ လွှတ်တော်အတွင်းဝန် ရုံးခန်းတွင် NUG ဝန်ကြီးများနှင့် ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာန လွှတ်တော်အတွင်းဝန်တွေ့ဆုံဆွေးနွေး
ရန်ကုန်၊ မေ ၂၅
ကနေဒါနိုင်ငံ၊ အော်တိုဝါမြို့ရှိ လွှတ်တော်အတွင်းဝန် ရုံးခန်းတွင် လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး တို့သည် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန ၊ လွှတ်တော် အတွင်းဝန် Mr. Hon. Rob Oliphant နှင့် မေလ ၂၃ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေး၊ လူသားချင်းစာနာထောက်ထားမှု ပံ့ပိုးပေးရေး၊ အကြမ်းဖက်စစ်အုပ်စုအပေါ် ပိတ်ဆို့အရေးယူမှုများကို ထိရောက်စွာ အကောင်အထည်ဖော်ရေးတို့အပြင် ဒေသတွင်းလုံခြုံရေးအခြေအနေများကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။