25 C
Yangon

မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင်နှင့် ရဲကင်းစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်မှု စစ်သားနှင့် ရဲ ၇ ဦးသေဆုံး

Must read

မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင်နှင့် ရဲကင်းစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်မှု စစ်သားနှင့် ရဲ ၇ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင်နှင့် ရဲကင်းစခန်းကို လက် နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၇ ဦးသေ ဆုံးခဲ့ကြောင်း Snipe Rangers Force (Local – PDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ယမန်နေ့ မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ဝန်းကျင် မုံရွာမြို့နယ်၊ သာစည်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်အတွင်း စစ်ကောင်စီ လက်အောက်ခံ ရဲကင်းနှင့် သာစည် ထောင်အား လက် နက်ကြီး လက်နက်ငယ်များဖြင့် တပြိုင်တည်း ပစ်ခတ် ခိုက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၅ ဦး၊ ရဲ ၂ ဦးသေဆုံးခဲ့ကာ ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရဲကင်းနဲ့ အကျဉ်းထောင်ကို တပြိုင်တည်း လက်နက်ကြီးနဲ့ ပစ်တာပါ။ လက် နက်ငယ်နဲ့ ကင်းယူရင်း ထိတွေ့မှုဖြစ်တာ။ လက်နက်ကြီးမပစ်ခင် အရင်လက် နက်ငယ်သမားတွေနဲ့ ထိတွေ့မှုဖြစ် တာပါ။ စကစဘက်က အသင့်စောင့်ပြီး ဆီးကြိုပစ်တာ။အဲဒါကို ခုခံရင်း အပြန်အလှန်ဖြစ်ကြတာ။ ရဲဘာ်တစ်ဦးထိတာက လက်နက်ကြီးပစ်ရင်း ပြောင်းကွဲပြီး ခြေထောက်ကို လာမှန်တာ။ စိုးရိမ်ရ တာမျိုးမရှိပါဘူး” ဟု Snipe Rangers Force (Local – PDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ထိုသို့ဝင်ရောက်တိုက်ခိုက်ခံရမှုကြောင့် အနီးအနားပတ်ဝန်းကျင်ကို စစ်တပ်က တစ်နာရီးခြား တစ်ကြိမ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ၊ညပိုင်းတွင်လည်းသာစည်ကျေး ရွာအတွင်း ကင်းလှည့်စစ်ဆေးမှုများရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်ခဲ့မူကို Snipe Rangers Force (Local – PDF) ၊ ဒေါင်းပြောက် ကျားတပ် ၊ ဒေါင်းညီ နောင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)တို့မှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးပစ်ခတ်ရင်း အမြောက်ပြောင်းကွဲကာ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Snipe Rangers Force အနေဖြင့် စစ်ဆင်ရေးများ ဆက်လက်ဖော်ဆောင်ရန် လက်နက်ခဲယမ်းများ လိုအပ်လျက်ရှိပြီး ပြည်သူလူထု၏ ထောက်ပံ့မူများလို အပ်လျက်ရှိကြောင်း အဆိုပါ တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article