25 C
Yangon

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပြည်သူများကို ဖမ်းဆီးခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်း ၊ ပြန်ပေးဆွဲပြီး ငွေညှစ်ခြင်းများ ပြုလုပ်နေ

Must read

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပြည်သူများကို ဖမ်းဆီးခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်း ၊ ပြန်ပေးဆွဲပြီး ငွေညှစ်ခြင်းများ ပြုလုပ်နေ

ရန်ကုန်၊ မေ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပြည်သူများကို ဖမ်းဆီးခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်း ၊ ပြန်ပေးဆွဲပြီး ငွေညှစ်ခြင်းများ ပြုလုပ်နေကြောင်း PNLA က ပြောသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြိုနယ်အတွင်း စစ်ကြောင်းထိုးလာပြီးနောက် မေလ ၂၂ ရက်တွင် ဆီဆိုင်မြိုနယ် နမ့်စေမဲးကျေးရွာမှ ခွန်ဝင်းနိုင် အသက် ၅၀ နှစ်ကို ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့ကြောင်း၊

ခွန်ဝင်းနိုင်က ဝက်ခြံတွင် ဝက်စာကျွေးနေစဉ် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ ခွန်ဝင်းနိုင်ကို ဖမ်းဆီးသွားပြီးနောက် PNO ပြည်သူ့စစ်ထံသို့ ငွေကျပ် သိန်း ၁၀၀ နှင့် ကားတစ်စီး ပေးကာ ခွန်ဝင်းနိုင်ကို သူ၏မိသားစုဝင်များက ပြန်လည်ရွေးယူခဲ့ရကြောင်း၊ ပြန်ပေးဆွဲ ဖမ်းဆီးခံရသည့် ခွန်ဝင်းနိုင်ကို သွားရောက်ရွေးယူစဉ် PNO ပြည်သူ့စစ်များနှင့် ညှိနှိင်းမှုအတွင်း PNO ပြည်သူ့စစ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ခွန်ဝင်းနိုင်၏ ဇနီးဖြစ်သူမှာ ပေါင်တွင် သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ မေလ ၂၂ ရက်နေ့ ဆီဆိုင်မြို့နယ် နောင်သိမ်ကျေးရွာမှ ရပ်မိရပ်ဖ ရွာလူကြီး ဦးထက်နိုင် ကို စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်ဗိုလ်ကြီးလယ်အဖွဲက ပြန်ပေးဆွဲသွားခဲ့ကြောင်း၊ PNO ပြည်သူ့စစ်များက ဦးထက်နိုင်မိသားစုပိုင်ဆိုင်သည့် ရွှေငွေများ၊ ဒင်္ဂါးပြားများ၊ ကား၊ ဆိုင်ကယ်များကိုလည်း အကုန်ယူဆောင်သွားကြောင်း၊ PNO ပြည်သူ့စစ်က ဦးထက်နိုင်ကို ကျေးရွာ၏ သင်္ချိုင်းကုန်းထဲသို ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ရွာသူ ရွာသားများက လိုက်သွားရာ PNO ပြည်သူ့စစ်အဖွဲ့က ရွာသူ ရွာသားများကို သေနတ်ဖြင့် ပစ်ခတ်သဖြင့် သင်္ချိုင်းကုန်းထဲအထိ မလိုက်နိုင်ဘဲ ပြန်လည် ပြေးလာရကြောင်း၊ လက်ရှိတွင် ဖမ်းဆီးခံရသော ဦးထက်နိုင် သေသည်၊ ရှင်သည်ကို မသိရှိရသေးကြောင်း PNLA က ဆိုသည်။

“ဦးထက်နိုင်က ရပ်မိရပ်ဖ တဦးဖြစ်ပါတယ်။ သူ့ကို သင်္ချိုင်းကုန်းထဲ ဖမ်းသွားတော့ ရွာသူရွာသားတွေ လိုက်သွားတာ PNO ပြည်သူ့စစ်တွေက သေနတ်နဲ့ ရွာသားတွေကို ပစ်လို ဆက်လိုက်လို မရတော့ဘူး ။ အခုထိ ဦးထက်နိုင် ရှင်လားသေလားလည်း မသိရသေးဘူး။”ဟုဒေသခံတဦးကပြောသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် များက ဖမ်းဆီးသွားသည့် နောင်သိမ်ရွာလူကြီး ဦးထက်နိုင်မှာ လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်းလည်းမရှီဘဲ မိသားစုများနှင့် အဆက်အသွယ် ပြတ်တောက်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article