25 C
Yangon

စလင်းမြို့နယ်၊ ကုန်းကြားရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြား

Must read

စလင်းမြို့နယ်၊ ကုန်းကြားရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ မေ ၂၅

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကုန်းကြားရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက အင်အား ၈၀ ခန့်ဖြင့် စလင်းမြို့နယ်၊ ကုန်းကြားရွာကို စစ်ကြောင်းထိုး လာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“သေမသေကတော့ မသိရသေးဘူးဗျ။ ဒဏ်ရာရတာတွေတော့များတယ်။ ပကစ ၂၁ ထဲကနေ ကားနဲ့ ထွက်လာတင်ပြီး ချက်ချင်း ဆုတ်သွားတာ။ ထွက်လာတုန်းကလည်း ကပစ ၂၁ ထဲနေပဲ ထွက်လာတာ၊ ကျနော်တို့ရဲဘော် တွေအားလုံးဘေးကင်းပါတယ်” ဟု မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း ၊ မိုးကြိုးပြောက်ကျား တပ်ရင်း ၁၀၁ နှင့် စလင်း (ပကဖ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article