25 C
Yangon

ပခုက္ကူမြို့တွင် စစ်တပ်က ရိက္ခာပို့ဆောင်မည်ဟု အကြောင်းပြ၍ ကုန်ကား အစီး ၅၀ ခန့်ကို ၁ လကြာ မတရား ဖမ်းဆီးထား

Must read

ပခုက္ကူမြို့တွင် စစ်တပ်က ရိက္ခာပို့ဆောင်မည်ဟု အကြောင်းပြ၍ ကုန်ကား အစီး ၅၀ ခန့်ကို ၁ လကြာ မတရား ဖမ်းဆီးထား

ရန်ကုန်၊ မေ ၂၅

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် အကြမ်းဖက် စစ်တပ်က ရိက္ခာပို့ဆောင်မည်ဟု အကြောင်းပြ၍ ကုန်ကား အစီး ၅၀ ခန့်ကို ၁ လကြာ မတရား ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့က စတင်ကာ မြိုင်မြို့နယ်ကို အကြမ်းဖက် စစ်တပ်က ရိက္ခာပို့ဆောင်မည်ဟု အကြောင်းပြ၍ ပခုက္ကူမြို့၊ မကွေးမြို့၊ မင်းဘူးမြို့၊ အောင်လံမြို့၊ မင်းတုန်းမြို့နှင့် သရက်မြို့များမှ ၁၄ ပေ၊ ၁၅ ပေ ၊ ၆ ဘီးနှင့် ၁၂ ဘီးကား အစီး ၅၀ ခန့်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ယူဆောင်သွားကြောင်း သိရသည်။

အဆိုပါ ကုန်ကား အစီး ၅၀ ခန့်ဖြင့် အကြမ်းစစ်တပ်က ယနေ့ မေလ ၂၅ ရက်နေ့ထိ ရိက္ခာပစ္စည်းများ ပို့ဆောင်ခြင်းမရှိသေးဘဲ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်နှင့် ပခုက္ကူမြို့နယ် ထွေ/အုပ် ရုံးရှေ့၌ မတရား ဖမ်းဆီးထားသောကြောင့် ယာဥ်ပိုင်ရှင်များသည် စားဝတ်နေရေး ခက်ခဲလာကြောင်း သိရှိရသည်။

“ကား အစီး ၅၀ လုံးမှာ ကုန်တွေတင်ထားတာ ၁ လပြည့်သွားပြီ အခုထိ ပြန်မလွှတ်သေးဘူး။ ဒီကုန်ကားနဲ့ လုပ်ကိုင်စားသောက်နေတဲ့ ယာဥ်ပိုင်ရှင်တွေလည်း စားဝတ်နေရေး လွန်စွာမှ များစွာ ထိခိုက် စိုးရိမ်သောကရောက်နေရပါတယ်။ မြိုင်နယ်ဘက်ကို ပို့မှာလို့ကြားသိရတယ်။ အခုကားတွေကို တပ်မ ၁၀၁ နဲ့ ထွေအုပ်ရုံး အရှေ့တပ်တွေထဲမှာ ကားတွေကိုထားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ယူဆောင်သွားသော ကုန်ကားများတွင် ယာဉ်မောင်းများပါ ကားပိုင်ရှင်များက ထည့်ပေးလိုက်ရပြီး လက်ရှိချိန်ထိ ယာဉ်မောင်းခများပါ ပေးဆောင်နေရကြောင်း သိရသည်။

“ချောကားတွေကို ဒရိုင်ဘာတွေက မမောင်းရဲတော့ မောင်းရဲတဲ့ ဒရိုင်ဘာကို ငှားထည့်ရတယ်။ တစ်ရက်ကို ၆ သောင်း၊ ၇ သောင်းနဲ့၁ သိန်း စသည်ဖြင့် ဌားထည့်ရတယ် အခုဆိုရင်တစ်လ ပြည့်သွားပြီဆိုတော့ အနည်းဆုံး ၆ သောင်းနှုန်းနဲ့ တွက်ကြည့်ရင် ၁၈ သိန်းကို ကားပိုင်က မစားရ မသောက်ရဘဲ အပိုကုန်နေပြီ ကားက ဝင်ငွေမရှိ အပိုက ၁၈ သိန်းလောက် ထပ်ကုန်တော့ တော်တော်အခက်အခဲဖြစ်နေပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

smart
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article