25 C
Yangon

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင်းနှင့် ကျိုက်မရောမြို့နယ်တို့ တွင် တော်လှန်ရေးတပ်များက လုံခြုံရေးအတွက် ရှောင်တခင် စစ်ဆေးရေး လုပ်ဆောင်

Must read

ရန်ကုန်၊ မေ ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင်းတွင် တော်လှန်ရေးတပ်များက လုံခြုံရေးအတွက် ရှောင်တခင် စစ်ဆေးရေး လုပ်ဆောင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂဠုန်စစ်ကြောင်း က သတင်းထုတ်ပြန်သည်။

မေလ ၂၅ ရက်နေ့ပြည်သူ့ကာကွယ်ရေး တပ်မတော် တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသ ၊ စစ်ဒေသခွဲ ၃ ဂဠုန်စစ်ကြောင်း နှင့် KNU တပ်မဟာ ၆ ဒူးပလာယာ ခရိုင် KNDO တပ်ရင်း ၆ ပူးပေါင်းမဟာမိတ် တပ်ဖွဲ့ များက ကျုံဒိုးမြို့အတွင်း ပြည်သူ့လူထု လုံခြုံရေးအတွက် ရှောင်တခင် စစ်ဆေးမှုများ ပြု လုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မေလ ၂၆ ရက်နေ့တွင်လည်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသ ၊ စစ်ဒေသခွဲ ၃ ဂဠုန်စစ်ကြောင်း နှင့် မွန်ပြည်လွတ် မြောက်ရေး တပ်တော် (MLA) ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များက ကျိုက်မရောမြို့နယ် အတွင်း ပြည်သူလူထုလုံခြုံရေးအတွက် ရှောင်တခင် စစ်ဆေးမှု များ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article