25 C
Yangon

CDF Mindat အတွက် ရန်ပုံငွေရှာဖွေရာတွင် တော်လှန်ပြည်သူများ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၁၀၄,၀၀၀ ရရှိ

Must read

ရန်ကုန်၊မေ ၂၇

ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် (CDF Mindat) အတွက် လက်နက်ခဲယမ်းတပ်ဆင်ပေးရန် ရည်ရွယ်၍ ပြုလုပ်သည့် Project Mindat ၂၀၂၄ ခေါင်းစဉ်နှင့် ရန်ပုံငွေရှာဖွေမှုတွင် အမေရိကန်ဒေါ်လာ ၁၀၄,၀၀၀ ရရှိခဲ့ကြောင်း CDF Mindat က သတင်းထုတ်ပြန်သည်။

Project Mindat ၂၀၂၄ ရန်ပုံငွေ ရှာဖွေမှုကို NUG CRPH ရန်ပုံငွေရှာဖွေရေးအဖွဲ့၊ Heal The World(ဒေါက်တာအငြိမ်း)၊ International Mindat Kcho Organization(IMCO)၊ CEA(Europe) တို့ဦးစီး၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါရန်ပုံငွေများဖြင့်ဝယ်ယူထားသည့် မောင်းပြန်သေနတ် ၂၅ လက်နှင့် ကျည်ဆန်များကို မေလ ၂၄ ရက်နေ့တွင် CDF Mindat က လက်ခံရရှိခဲ့ကြောင်း၊ ရန်ပုံငွေထည့်ဝင်ခဲ့ကြသော တော်လှန်ပြည်သူများကိုလည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article