26 C
Yangon

ပူတာအိုတွင် ခလရ ၁၃၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ချမ်းဇေဟိန်းကို ဒဏ်ရာများဖြင့် အရှင် ဖမ်းမိပြီး ဆေးကုပေးစဉ် သေဆုံး

Must read

ရှေ့တန်းထွက်သည့် ခလရ ၁၃၇ စစ်ကြောင်းတစ်ခုလုံး တိုက်ပွဲအတွင်း သေဆုံးသွားခဲ့

ရန်ကုန်၊ မေ ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်အတွင်းတနေရာ၌ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ် ကောင်စီ၏ ခလရ ၁၃၇ တပ်ရင်းမှ ဒုဗိုလ်မှူးကြီး ချမ်းဇေဟိန်းကို ဒဏ်ရာများဖြင့်အရှင်ဖမ်းမိကာ ဆေးကုသ နေစဉ် သေဆုံးသွားကြောင်း ပူတာအိုမြို့နယ်တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၈ ရက်နေ့က ပူတာအိုခရိုင် မချမ်းဘောမြို့နယ်အခြေစိုက် ခလရ ၁၃၇ တပ်ရင်းမှ ပူတာအို မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ပူတာအိုမြို့နယ် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံး ဖွဲ့စည်းပုံပျက်သွားပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးချမ်းစေဟိန်း ကို ဒဏ်ရာများဖြင့် အရှင်ဖမ်းမိကာ ဆေးကုသပေးနေစဉ် နောက်တစ်နေ့၌ သေဆုံးသွားကြောင်း သိရသည်။

“ပူတာအိုမြို့နယ်ထဲမှာ PDF တွေနဲ့ ထိပ်တိုက်ထိတွေ့တိုက်ပွဲဖြစ်ပြီးတော့ ဒဏ်ရ ာတော်တော်ပြင်း ပြင်းထန်ထန်ဖြစ်နေတဲ့အချိန်မှာ ဖမ်းမိတာ။ ဒါပေမယ့် သူရထားတဲ့ဒဏ်ရာက ခြေတွေလည်းကျိုး၊ လက်တွေလည်းကျိုးဆိုတော့ ဖမ်းမိတဲ့အချိန်မှာ‌ ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့ကအတတ်နိုင်ဆုံး ဆေးတော့ကုပေးခဲ့တယ်။ သို့သော်လည်း သူ့ရဲ့သွေးထွက်လွန်ပြီးတော့ ရရှိထားတဲ့ ဒဏ်ရာပြင်း ထန် တဲ့အတွက်မိုလို့ ဖမ်းမိတဲ့နောက်တစ်ရက်မှာပဲ သူအသက်ထွက်သွားပါတယ်။ ခလရ ၁၃၇ က မချမ်းဘောမြို့ အခြေ စိုက်တပ်ရင်းကတော့ ကျနော်မြေပြင်သတင်းတွေအရ သိရသလောက်ကတော့ ရှေ့တန်းမှာ ဖွဲ့စည်းပုံလည်းပျက်သွားပြီ။ အင်အားလည်း ကုန်သလောက်ဖြစ်သွားပြီ ” ပူတာအိုမြို့နယ်တော် လှန် ရေးအင်အားစု သတင်းရင်းမြစ်က ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် အခြေစိုက်အကြမ်းဖက်စစ်ကောင်စီ ခလရ ၁၃၇ တပ်ရင်းမှူးကို လုံးထွေးသတ်ပုတ်ကာ အရှင်ဖမ်းမိခဲ့ကြောင်း ပူတာအို PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
“ဘယ်လောက်သေတယ်ဆိုတောတော့ အရေအတွက် အတိအကျမသိရဘူး၊ တစ်ယောက်ဖမ်းမိ၊ ၃ ယောက်မိ၊ တစ်ချို့ကမတွေ့တာရှိတယ်ဆိုတော့ ရှေ့တန်းထွက်နေတဲ့တပ်ရင်းတစ်ခုလုံးလို့ ပြောလို့ ရတယ်။ ရှေ့တန်းထွက်တဲ့ ၁၃၇ တပ်ရင်းတစ်ခုလုံးနီးပါး ပြုတ်သွားတာပေါ့” ဟု ပူတာအိုမြို့နယ် တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်က ရှင်းပြသည်။

ဓာတ်ပုံ – ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်တွင် သင်တန်းတက်ရောက်နေသည့် ဒုတိယဗိုလ်မှူးကြီးအဆင့် အရာရှိများကို အကြမ်းဖက်မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်တွင် သွားရောက်တွေ့ဆုံခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်တွင် သင်တန်းတက်ရောက်နေသည့် ဒုတိယဗိုလ်မှူးကြီးအဆင့် အရာရှိများကို အကြမ်းဖက်မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်တွင် သွားရောက်တွေ့ဆုံခဲ့စဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article