25 C
Yangon

ရှမ်းပြည်နယ်စစ်ကောင်စီ အတွင်းရေးမှူး စိုင်းသော်ဝင်းကို ကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်မှုဖြင့် စစ်ကောင်စီက ဖမ်းဆီးတရားစွဲ

Must read

ရန်ကုန်၊မေ ၂၉

ရှမ်းပြည်နယ်စစ်ကောင်စီအဖွဲ့အတွင်းရေးမှူး စိုင်းသော်ဝင်းကို အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်များနှင့်ဆက်စပ်နေ၍ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း ရှမ်းပြည်နယ်ရဲသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ မေ ၂၈ ရက်နေ့လယ်ပိုင်း စိုင်းသော်ဝင်းကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး တရားရုံးတွင် ယမန်ချက်ချင်းရယူကာ တောင်ကြီး အမှတ် ၁ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ရှမ်းပြည်နယ်စစ်ကောင်စီ အတွင်းရေးမှူးဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် စိုင်းသော်ဝင်း ဖမ်းဆီးခံရမှုကြောင့် ထွေအုပ်ဝန်ထမ်းများး ကြောက်ရွံ့ထိတ်လန့်နေကြကြောင်း သိရှိရသည်။

စိုင်းသော်ဝင်းသည် ငွေရေးကြေးရေး ခြစားခြင်း၊ လူမှုရေးဖောက်ပြန်ခြင်းတို့ကြောင့် ဌာနအတွင်း နာမည်ဆိုးဖြင့် ကျော်ကြားသူလည်းဖြစ်သည်ဟု သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article