25 C
Yangon

မြန်မာ့အရေးမှာ ဖိအားပေး အမြတ်ထုတ်သည့် တရုတ်နိုင်ငံ၏လုပ်ရပ်များ ရပ်တန့်စေရန်အတွက် မျှော်ရည်တဲ့ အိမ်နီးချင်းပေါက်ဖော် လှုပ်ရှားမှုစတင်

Must read

ရန်ကုန်၊ မေ ၂၉

မြန်မာ့အရေးတွင် အိမ်နီးချင်း တရုတ်နိုင်ငံက နည်းလမ်းအမျိုးမျိုးနှင့် ဝင်ရောက်စွက်ဖက် အနိုင်အထက်ပြုကျင့်နေမှုများအား ဖော်ထုတ်ရန်နှင့် တန်ပြန်ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် Be Better China ဟုခေါ်သည့် “မျှော်ရည်တဲ့ အိမ်နီးချင်းပေါက်ဖော်” လှုပ်ရှားမှုကို စတင်လိုက်ကြောင်း Defend Myanmar Democracy (DMD) အဖွဲ့က ယမန်နေ့က ထုတ်ပြန်လိုက်သည်။

မြန်မာပြည်သူများ မျှော်ရည်သည့် အနာဂတ်ကို နားလည်လေးစား အသိအမှတ်ပြုပြီး ရပ်တည်ပံ့ပိုးမှသာလျှင် တရုတ်နိုင်ငံက အမြဲတစေ ထုတ်ဖော်ပြောဆိုလေ့ရှိသည့် “ငြိမ်းချမ်းတည်ငြိမ်” သည့် အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်လာမည် ဆိုသည့်အကြောင်း တရုတ်နိုင်ငံ၏ မြန်မာ့အရေးမူဝါဒ ဆုံးဖြတ်နေသူများအား အသိပေးရန် ရည်ရွယ်ကြောင်းလည်း DMD အဖွဲ့က ဆိုသည်။

ထို့ကြောင့် မြန်မာ့အရေးတွင် တရုတ်နိုင်ငံ၏ ဖိအားပေး ဝင်ရောက်စွက်ဖက်နေမှုများကို ရပ်တန့်နိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မြန်မာပြည်သူများထံ ရိုးရှင်း ထိရောက်သော သတင်းစကာပါး လှုပ်ရှားမှုများကို စဥ်ဆက်မပြတ် လုပ်ဆောင်သွားရန် စီစဉ်ထားပြီး၊ “ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် နောက်ကွယ်မှာ ဘာတွေရှိနေလဲ” ဆိုသည့်ခေါင်းစဥ်နှင့် ယခုလှုပ်ရှားမှုကို စတင်လိုက်သည်ဟုလည်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကျောက်ဖြူစီမံကိန်းကို မည်သူ ထိန်းချုပ်ထားသနည်း

ကျောက်ဖြူစီမံကိန်းသည် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အတွက် မလက္ကာရေလက်ကြားအပေါ် မှီခိုအားထားနေရသော တရုတ်နိုင်ငံ၏ ပထဝီနိုင်ငံရေး မဟာဗျူဟာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု DMD ကဆိုသည်။

ကျောက်ဖြူစီမံကိန်းကို တရားမဝင်စစ်အုပ်စု၊ ၄င်း၏ အပေါင်းအဖော်များနှင့် တရုတ်အစိုးရပိုင် စီးပွားရေးလုပ်ငန်းများကသာ အဓိက ထိန်းချုပ်ထားခြင်း ဖြစ်တာကြောင့်၊ အာရက္ခနဲ့ မြန်မာပြည်သူများ၏ လိုအပ်ချက်နှင့် မျှော်ရည်ချက်များကို ဖြည့်ဆည်းနိုင်မှာ မဟုတ်ဟုလည်း ဆိုသည်။

စစ်အုပ်စုသည် လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းသာ ဖြစ်သည်

မြန်မာစစ်အုပ်စုသည် နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတခုသာ ဖြစ်ပြီး စစ်အုပ်စုနဲ့ တရုတ်အကြား လျှို့ဝှက်သဘောတူညီချက်အရ ကျောက်ဖြူစီမံကိန်း၏ အဓိကကျတဲ့အပြောင်းအလဲများအား လုပ်ဆောင်ရန် သဘောတူညီခဲ့ပြီး၊ အဆိုပါအကြောင်းများကို ဖုံးကွယ်ထားသည်ဟုလည်းဆိုသည်။

ကြွေးမှီထောင်ခြောက်ပြဿနာ၊ တရုတ်အပေါ် အလွန်အမင်းမှီခိုနေရတဲ့ ပြဿာနာများသည် မြန်မာ့အချုပ်အခြာအာဏာကို တိုက်ရိုက် အန္တရာယ်ပြုခြိမ်းခြောက်နေတဲ့ အန္တရာယ်တွေဖြစ်သလို၊ အာရက္ခပြည်သူများ ပိုင်ဆိုင်သည့် ရေမြေသယံဇာတများသည် စီမံကိန်း အကြောင်းပြပုံစံမျိုးစုံနဲ့ သိမ်းပိုက်ခြင်းခံနေရသည်ဟုလည်း ဖော်ပြထားသည်။

စီးပွားရေးကိုလိုနီ ပြုခံရခြင်းနှင့် အကျိုးသက်ရောက်မှု

ကျောက်ဖြူအထူးစီးပွားရေးဇုန် အပါအဝင် ကျောက်ဖြူ – မန်းမူဆယ် အမြန်ရထားလမ်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ မြစ်ဆုံစီမံကိန်းစသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများသည် တရုတ်နိုင်ငံပိုင် စီးပွားရေလုပ်ငန်းများ၏ အလွန့်အကျွံ လွှမ်းမိုးခံထားရခြင်း တနည်း စီးပွားရေး၊ နိုင်ငံရေးအရ ကိုလိုနီပြုခံနေရခြင်း များဖြစ်ပေါ်နေပြီး၊ စီမံကိန်းများကြောင့် အာရက္ခနဲ့ မြန်မာနိုင်ငံ၏ အနာဂတ်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အပေါ် ကြီးမားသည့် အနှုတ်သဘောဆောင် အကျိုးသက်ရောက်မှုများ ရှိမည်ဟုလည်းလည်း ပြောဆိုထားသည်။

ရာဇဝတ်ကောင်တွေ ခေါင်းဆောင်နေတဲ့ စီမံကိန်း

ကျောက်ဖြူစီမံကိန်းတွင် ပါဝင်သည့် ခေါင်းဆောင်များအား လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကြောင့် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ထားသည်။ ထိုသူများနှင့် စီးပွားရေးလက်တွဲလုပ်ဆောင်ခြင်းသည် လုပ်ဆောင်သူများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် အခြားပါဝင်ပတ်သက်ကြသည့် နိုင်ငံတကာအသိုက်အဝန်းအားလည်း အန္တရာယ် ဖြစ်စေသည်ဟု ဆိုသည်။

ထို့ကြောင့် မြန်မာပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုပြီး ဖက်ဒရယ်ဒီမိုကရေစီ အခြေခံမူမျာအပေါ် လက်ကိုင်ပြုထားသော အစိုးရတစ်ရပ် ပေါ်ထွက်ထူထောင်နိုင်သည့်အချိန်အထိ ကျောက်ဖြူစီမံကိန်းများကို ဆိုင်းငံ့ရပ်ဆိုင်းထားရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုသည်ဟုလည်း DMD က၄င်းတို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article