25 C
Yangon

အခေါက်ရွှေစျေး ၅၈ သိန်း ၂ သောင်းဖြင့် စံချိန်တင်စျေးပိတ်သွားပြီး အရောင်းအဝယ် လုပ်မရတော့ဘဲ စျေးကွက်ပျက်

Must read

ရန်ကုန်၊ မေ ၂၉

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားမှာ ၅၈ သိန်း ၂ သောင်းကျပ်ဖြင့် စံချိန်တင် စျေးတက်သွားပြီး အရောင်းအဝယ်လုပ်မရတော့ဘဲ စျေးကွက်ပျက်နေကြောင်း ရွှေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အခု ၅၈ သိန်း ၂ သောင်းစျေးဖြစ်နေတယ်။ အရောင်းအဝယ်တော့ ရပ်သွားပြီ။ ဆိုင်တွေလည်း အဝယ်လည်း မလုပ်တော့ဘူး။ ရောင်းလည်း မရောင်းတော့ဘူး။ စျေးကွက်ပျက်သွားပြီ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် ရွှေစျေးနှုန်း အလွန်အမင်းမြင့်တက်ခြင်းကြောင့် စစ်တပ်က ရွှေကုန်သည်များကို ဖမ်းဆီးမှုများ ရှိလာမည်ကို စိုးရိမ်၍ ရွှေကုန်သည်အများစု စိုးရိမ်ကာ တိမ်းရှောင်မှုများလည်းရှိနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article