25 C
Yangon

စစ်ကိုင်းမြို့နယ်၊ ဆားတောင် ရဲစခန်းနှင့် ကြွယ်ပုံ ပျူစောထီးရွာရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၂၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင် ရဲစခန်းနှင့် ကြွယ်ပုံ ပျူစောထီးရွာရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Phoenix-Sagaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံပျူစောထီးရွာရှိ စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်ပြီး စစ်တပ်ဘက်က လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၁၁ နာရီခန့်တွင် ဆားတောင်နယ်မြေ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ၍ ဒရုန်းဖြင့် ဗုံးသီး ၇ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး ရဲစခန်းအတွင်း ထိခိုက်ပျက်စီးမှု ရှိနိုင်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Phoenix -Sagaing ၊ စစ်ကိုင်းမြို့နယ် (ပကဖ) – ဒရုန်းတပ်ဖွဲ့ ၊ Young Wolf (LPDF) ၊ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ ၊ Royal Falcon Guerrilla Force၊ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်းနှင့် နယ်မြေ တော်လှန်ရေး အင်အားစုများက စုပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article