25 C
Yangon

ဆီဆိုင်မြို့နယ်တွင် စစ်တပ် လက်အောက်ခံ PNO အဖွဲ့က ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးနေရ

Must read

ဆီဆိုင်မြို့နယ်တွင် စစ်တပ် လက်အောက်ခံ PNO အဖွဲ့က ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးနေရ

■ မိုးမိတ်မြို့နယ်ရှိ ကျေးရွာများက စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်

ရန်ကုန်၊ မေ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO အဖွဲ့က ခရီးသွားပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးနေရကြောင်း PNLA သတင်းနှင့် ပြန်ကြားရေး ဌာနထံမှ သိရသည်။

ယမန်နေ့ မေလ ၂၉ ရက်နေ့တွင် ဖက်နမ်ကျေးရွာအနီ ခရီးသွားလာနေသည့် အရပ်သား ပြည်သူ ၁ ဦးကို အကြမ်ဖမ်းဖက် စစ်ကောင်စီ လက်အောက်ခံ PNO အဖွဲ့က ဖမ်းဆီးသတ် ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီး သတ်ဖြတ်ခံရသူမှာ ဖက်နမ်ကျေးရွာသား မဟုတ်ဘဲ ခရီးသွား ပြည်သူ ၁ ဦး သာ ဖြစ်သည်ဟု စုံစမ်းသိရပြီး သတ်ဖြတ်ခံရသူ၏ အမည်၊ အသက်၊ နေရပ်လိပ်စာ စသည့် အသေးစိတ်အချက် အလက်များကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုထားသည်။

ထို့ပြင် မေလ ၂၉ ရက် ညနေ ၄ နာရီမှ ၈ နာရီအထိ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်ဒေသ၊ ပင်မူး ကျေးရွာတွင် အထိုင်ချထားသော PNO ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ် အချို့ လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ပြီး ကျေးရွာနေပြည်သူများ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထွက်ပြေး နေရ သူ ပြည်သူ ၁၀၀၀ ကျော်ရှိပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်အချက်အလက်ကိုလည်း ဆက်လက် စုံ စမ်း နေဆဲဖြစ်ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

အလားတူ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့တွင် မေလ ၂၉ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ၄ ကြိမ်ထက်မနည်း အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း PSLF/TNLA က ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် လူ၊ တိရိတ္ဆန်နှင့် နေအိမ်များ ထိခိုက် ပျက်စီးမှုမရှိသော်လည်း ဒေသပြည်သူများ ကြောက်လန့် နေကြရကြောင်း၊ အဆိုပါ လက်နက်ကြီး ပစ်ခတ်သည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးမိတ်မြို့တွင် တပ်စွဲ အခြေချသည့် တပ်ဖွဲ့ဝင်များဖြစ်ပြီး မိုးမိတ်မြို့နယ် ကုန်းမိုင်ကျေးရွာဘက်ကို အကြောင်းမဲ့ ဦးတည်ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်းသိရှိရသည်။

ထို့ပြင် မိုးမိတ်အမြို့တွင်း၌လည်း လက်နက်ငယ်များဖြင့် အကြိမ်ပေါင်းများစွာ တစ်ဖက်သက် ပစ်ခတ်ခဲ့ကြောင်း၊ လက်ရှိ မိုးမိတ်မြို့၌ တပ်စွဲ‌အခြေချနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးမိတ်မြို့ အတွင်းနှင့် အပြစ်မဲ့ အရပ်သားလူထုရှိရာ ကျေးရွာများသို့ လက်နက်ကြီး၊ လက်ငယ်များဖြင့် မကြာခဏ ပစ်ခတ်နေခြင်းကြောင့် ဒေသခံပြည်သူများ စိုးရိမ်ကြောက်ရွံ့ နေကြရကြောင်း PSLF/TNLA က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article