25 C
Yangon

မင်းကင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်သားများနှင့် ကင်းပုန်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

မင်းကင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်သားများနှင့် ကင်းပုန်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ မေ ၃၀

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်သားများနှင့် ကင်းပုန်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၉ ရက်နေ့တွင် မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်၊ ပန်းဆက်၊ တောင်ဖြူ စသည့် ပျူစောထီးကျေးရွာများမှ အကြမ်းဖက်စစ်ကောင်စီ တပ်သားများသည် အင်အား ၁၈၀ ခန့်ဖြင့် မင်းကင်းမြို့နယ်၊ သင်တောကျေးရွာကို မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး မိုးကောင်းကြီး တောတိုက်ရှိ တောင်ယာ လုပ်ကိုင်နေသည့် အရပ်သား ပြည်သူ ၁ ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်း ဘင်ဘုန်ကြီးကန် အရောက်တွင် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အထူးတိုက်ခိုက်ရေးလက်ရုံး တပ်ဖွဲ့ )တပ်ခွဲ ၂ က ကြားဖြတ် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများဘက်မှ ထိခိုက်သေဆုံးမှုများ ရှိလာ၍ စစ်ကြောင် ၂ ကြောင်းခွဲ၍ တောလမ်း တစ်ကြောင်း၊ ကားလမ်း တစ်ကြောင်းဖြင့် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပြန်လည်ဆုတ်ခွာသွားသည့် တောလမ်း အတိုင်း တော်လှန်ရေး တပ်ဖွဲ့များ ထောင်ထားသော မိုင်း ၁ လုံးနှင့် ကားလမ်းမှ စစ်ကြောင်းကို မိုင်း ၂ လုံးခွဲ၍ အကြမ်းဖက် စစ်ကောင်စီဘက်မှ သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ကလေးခရိုင် ပကဖ အထူး တိုက်ခိုက်ရေး လက်ရုံးတပ်ဖွဲ့ တပ်ခွဲ ၂ မှ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ဆုတ်ခွာသွားသည့်နောက်ကို လိုက်လံတိုက်ခိုက်သော်လည်း မိုးသည်းထန်စွာရွာလာသည့်အတွက် တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အထူးတိုက်ခိုက်ရေးလက်ရုံး တပ်ဖွဲ့ )တပ်ခွဲ ၂ နှင့် ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မေလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်မှ စတင်၍ မင်းကင်းမြို့နယ်ရှိ သင်တောကျေးရွာနှင့် ကျောက်ခဲတက် ပျူစောထီးရွာ အကြားရှိ ဘီးလုံးဇရပ် အနီးပတ်ဝန်းကျင်တွင် ခန့်မှန်း ပျူစောထီး အင်အား ၃၀ ခန့် ကင်းပုန်းဝတ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၃ စီး အသုံးပြုကာ ဗုံးသီး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ဗုံးသီးများ ပစ်မှတ်ကို ထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိအခိုက် များစွာဖြင့် ကျောက်ခဲတက် ပျူစောထီးရွာထဲကို ဝင်ပြေးသွားကြောင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အထူးတိုက်ခိုက်ရေးလက်ရုံး တပ်ဖွဲ့ ) တပ်ခွဲ (၂) ၊ ကလေးခရိုင် တပ်ရင်း ၁၁ နှင့် MinGin Local PDF Union အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article