ဒီကနေ့ မေ ၃၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် မင်းအောင်လှိုင်က တိုင်းစစ်ဌာနချုပ်နယ်မြေ ၈ ခုက စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ၂၄ နာရီ တန်းပြည့်စစ်မှုထမ်း အဖြစ် အမိန့်ပေးသတ်မှတ်မှုကို တပ်မိသားစုဝင်တွေက မည်သူမှ မသိရ တဲ့အပြင် ၊တပ်မိသားစုဝင်တွေအားလုံးဟာ နာရေး၊သာရေး၊ ကျန်းမာရေး- မည်သည့်ကိစ္စနဲ့မှ တပ်ပြင်ပ ခရီးသွားခွင့်မရတာဟာ လနဲ့ချီ ကြာမြင့်နေပြီလို့ သိရပါတယ်။
- ရခိုင်ပြည်နယ် က ဘူးသီးတောင်မြို့ကို သိမ်းပိုက်ထားတဲ့ အာရက္ခ တပ်တော် AA က ဘူးသီးတောင် အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၃၁ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၊ ကျန်တဲ့ အကျဉ်းသား ၆၇ ဦး ရဲ့ ပြစ်ဒဏ်တွေကိုတော့ ပြန်လည်စိစစ်သွားမယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။
- အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ BGF တပ်ရဲ့ “မြဝတီမြို့သစ်” စီမံကိန်းက အိမ်ခြံမြေ အရောင်း ကြော်ငြာ ပေးခဲ့တဲ့ iMyanmarHouse က အရောင်းပို့စ် နဲ့ ကြော်ငြာ ရေးသားချက်တွေကို ပြန်လည် ဖြုတ်ချသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
