25 C
Yangon

သာယာ၀တီမြို့၊ ကွက်သစ်ရပ်ကွက်မှ မောင်ဝင်းမြင့်သွင်ကို စစ်မှုထမ်းရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး လှမင်းက အဓမ္မ ဆင့်ခေါ်မှုကြောင့် မိခင်ဖြစ်သူ ပူဆွေးသောရောက် ကွယ်လွန်၊ မိခင်နာရေး ရက်လည်နေ့တွင် သားဖြစ်သူကို စစ်တပ်ထဲ သို့ အတင်းအကျပ် ဖမ်းဆီးပို့ဆောင်

Must read

ရန်ကုန်၊ မေ ၃၁

ပဲခူးတိုင်း၊ သာယာ၀တီမြို့ ၊ ကွက်သစ်ရပ်ကွက်မှ မောင်ဝင်းမြင့်သွင်ကို စစ်မှုထမ်းရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး လှမင်းက အတင်းအဓမ္မ ဆင့်ခေါ်သဖြင့် မောင်ဝင်းမြင်သွင်၏ မိခင် ဒေါ်ရီရီချိုမှာ သားဖြစ်သူအတွက် ပူဆွေးသောကရောက်ရာမှ နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

သာယာ၀တီမြို့ ၊ ကွက်သစ်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး လှမင်းက စစ်မှုမထမ်းလိုပါက လူငယ်များ တစ်ဦးလျှင် ငွေကျပ် ၅ သိန်းပေးရမည်ဟုဆိုပြီး ငွေ ၅ သိန်းကောက်ခံခဲ့ကြောင်း၊ သို့ရာတွင် ငွေ ၅ သိန်းပေးထားသည့် လူငယ်များကို စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်လာပြီး ယင်းအထဲတွင် မောင်ဝင်းမြင့်သွင်လည်း ပါဝင်လာကြောင်း၊ ငွေ ၅ သိန်း ပေးထားသည့်တိုင်အောင် စစ်မှုထမ်းရန် နာမည်စာရင်းပါလာသဖြင့် မောင်ဝင်းမြင့်သွင်၏ မိခင် ဒေါ်ရီရီချိုသည် သားဖြစ်သူအတွက် ပူဆွေးသောကရောက်ပြီး ကွယ်လွန်သွားကြောင်း သိရှိရသည်။

“လူငယ်တွေကို စစ်ထဲမဝင်ချင်လျှင် တစ်ဦး ငွေ ၅ သိန်းပေးရမယ်လို့ မိဘတွေက ငွေ ၅ သိန်းပေးကြတယ်။ ဒါပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးလှမင်းက စစ်မှုထမ်းရမယ့် လူငယ် ၅ ဦးစာရင်းထုတ်တော့ မောင်ဝင်းမြင့်သွင် ပါလာတယ်။ အဲဒီမှာ သူ့အမေ ဒေါ်ရီရီချိုက သားဖြစ်သူစိတ်နဲ့ ပူဆွေးပြီး သားစိတ်နဲ့ ကွယ်လွန်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသည့် မောင်ဝင်းမြင့်သွင်၏ မိခင် ဒေါ်ရီရီချိုသည် မေလ ၂၀ ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီး မိခင်နာရေးရက်လည်သည့်နေ့တွင် မောင်ဝင်းမြင့်သွင်ကို စစ်မှုထမ်းရန်အတွက် လာရောက် ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

“မောင်ဝင်းမြင့်သွင်က ပန်းရံလုပ်ပြီး ညီငယ်ညီမငယ်လေးတွေနဲ့ မိခင်ကြီးကိုလုပ်ကိုင်ကျွေးနေတာ။ သူ့အဖေ ဦးမြင့်ကျော်က လွန်ခဲ့တဲ့ ၄ နှစ်လောက်ကဆုံးသွားတာ။ အခုတော့ စစ်ထဲ အတင်းအကျပ် အခေါ်ခံရတယ်။ သူ့မှာ စစ် ထဲ အခေါ်ခံရလို့ သူ့အမေက သူ့သားစိတ်နဲ့ ဆုံးတယ်။ သူ့အမေဆုံးပြီးတော့လည်း စစ်ထဲ အသွင်းခံရတယ်”ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article