25 C
Yangon

မွန်၊ ကရင်နှင့် ပဲခူးရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီး

Must read

မွန်၊ ကရင်နှင့် ပဲခူးရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဇွန် ၁

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

မေလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်တွင် သထုံမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ-၈ တပ်ရင်း လက်နက်ကုန်းစခန်းမှ ဘုရားဆိပ်ကျေးနယ်ရှိ ကျေးရွာများကို လက်နက်ကြီး ၇ လုံးပစ်ခတ်ခဲ့ရာ တောင်သူဌေးကုန်းရွာ အတွင်း လက်နက်ကြီး ၅ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် ၃၀ နှစ် အရွယ် ကိုရဲလင်းဌေး နှင့် အသက် ၃၅ နှစ် အရွယ် မမိုးမိုးတို့ လက်နက်ကြီး ကျည်စ ထိမှန်ကာ သေဆုံးခဲ့ရကြောင်းသိရှိရသည်။

ထို့ပြင် တောင်သူဌေးကုန်းရွာနေ ပြည်သူများဖြစ်သော မအေးမိစံ ၊ အသက် ၁၀နှစ်အရွယ် မမေစုမို ၊ အသက် ၁၇နှစ်အရွယ် မပန်းအိစံ၊ အသက် ၆၉ နှစ်အရွယ် ဦးထွန်းမြင့်၊ ဖိုးနသီး တို့လည်း လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းနေ့ ည ၆ နာရီ ၁၅ မိနစ်တွင်လည်း အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၄ တပ်ရင်း တပ်စခန်းက သထုံမြို့နယ်၊ ရွှေရောင်ပြရွာထဲကို လက်နက်ကြီး ၅ လုံး ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

မေလ ၁၉ ရက်နေ့ ည ၈ နာရီ မှ ည ၁၀ နာရီခန့်အတွင်း ဘားအံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ပိန္နဲတော တပ်စခန်းက လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ရာ နောဖဒို့ရွာနှင့် နော်ရကုန်းရွာ ထဲကို လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နောဖဒို့ရွာနေ အသက် ၃၀ နှစ်အရွယ် နော်ရီမြင့်နှင့် အသက် ၂၄ နှစ်အရွယ် နော်သူဇာအေးတို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ပိန္နဲတောစခန်းတွင် ခမရ-၄၁၀ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရှိနေပြီး ၎င်းစခန်းသည် သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာအလယ်တွင် တပ်စွဲထားကာ ခလရ-၈ တပ်ရင်းမှာမူ ဘီးလင်းမြို့ ရပ်ကွပ် ၈ တွင်တပ်စွဲထားပြီး ဘီးလင်းမြို့ မျှင်သာတောင်ကုန်း ပေါ်တွင်လည်း လက်နက်ကြီးဆင်ထားကာ ၎င်းလက်နက်ကြီးကုန်းတွင်လည်း တပ်စွဲထားကြောင်း သိရှိရသည်။

မေလ ၃၀ ရက်နေ့ တွင် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် မူးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခလရ−၃၀၇ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် နတ်လောင်း ကျေးရွာ အတွင်းသို့ ပစ်ခတ်ခဲ့ရာ အသက် ၈ နှစ်အရွယ် နော်မူးမူး ပွဲချင်းပြီး သေဆုံးပြီး အသက် ၄၅ နှစ် အရွယ် ဒေါ်သက် နှင့် အသက် ၃၆ နှစ် အရွယ် ကိုမောင်တို့ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က မေလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ်ရုံးတည်ရှိရာ လယ်ထူးလူနေရာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရုံး အဆောက်အဦး ၃ လုံးနှင့် နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article