25 C
Yangon

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာမှ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၆၀ ချီးမြှင့်

Must read

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာမှ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၆၀ ချီးမြှင့်

ရန်ကုန်၊ ဇွန် ၁

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာမှ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင် လာသောကြောင့် ငွေကျပ် သိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း ၂ ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ ခမရ ၅၆၁ တပ်ရင်းအနီး ညောင်ပင်ကွင်း တံတားစစ်ဆေးရေးဂိတ်မှ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးသည် မြိတ်ခရိုင် တပ်ရင်း ၂ ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်လာသော စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ဝင်သည် AK ၁ လက်၊ ကျည်ဘောက် ၂ ခုနှင့် ကျည် ၁၁၈ တောင့်တို့ ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဇွန်လ ၁ ရက်နေ့တွင် အဆိုပါ အလင်းဝင်လာသော ပြည်သူ့စစ် အဖွဲ့ဝင်ကို ငွေကျပ် သိန်း ၆၀ ဆု ချီးမြှင့်ခဲ့ပြီး လုံခြုံသည့်နေရာတွင် ကောင်းမွန်စွာထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article