25 C
Yangon

ရေဦးနှင့် စဉ့်ကူး မြို့နယ်တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၂ ဦး သေဆုံး၊ ကလေးငယ် ၁ ဦး ဒဏ်ရာရ

Must read

ရေဦးနှင့် စဉ့်ကူး မြို့နယ်တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၂ ဦး သေဆုံး၊ ကလေးငယ် ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၃၁ ရက်နေ့ ည ၈ နာရီ ၁၆ မိနစ်ခန့်တွင် ရေဦးမြို့ အခြေစိုက် တိုင်းရင်းဆေးရုံမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီးဖြင့် နှောကုန်းကျေးရွာကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ ကျေးရွာနေ ပြည်သူ အသက် ၇၀ အရွယ် ဒေါ်ကြည်စိန် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“မနေ့က ည ၈ နာရီ ကျော်လောက်မှာ ရေဦးတိုင်းရင်းကနေ စစ်ခွေးတွေပစ်တဲ့ ၁၂၀ မမ လက်နက်ကြီး ၁ လုံး နှောကုန်းရွာကို ကျရောက် ပေါက်ကွဲလို့ နေအိမ်အတွင်းမှာရှိနေတဲ့ ဒေါ်ကြည်စိန် ဦးခေါင်းကို လက်နက်ကြီးအစ ထိမှန်ခဲ့ပြီး ညတွင်းချင်း သေဆုံးသွားတယ်လို့ သိရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network အဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရွာ ဘုံသာကုန်း ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ မြကန်သာရွာနှင့် မြသီတာရွာထဲ ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၈၀ ခန့် အရွယ် အဖွားအို ၁ ဦး သေဆုံးပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article