25 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် မင်းအောင်လှိုင် ပုဂံမြို့ကို လာရောက်ပြီးတဲ့နောက် မြို့လယ်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ဖယ်ရှားခံလိုက်ရပြီး ၊ ပုဂံမြို့က ထီးလိုမင်းလိုဘုရားမှာ မင်းအောင်လှိုင်က ယတြာချေသွား တဲ့အပြင်၊ ပုဂံညောင်ဦးက တိမ်ကောနေတဲ့ ရေကန်မှန်သမျှ ပြန် ဆယ်ခိုင်းတဲ့ ယတြာပါ လုပ်သွား တယ်လို့ စစ်တပ်သတင်းရင်းမြစ် နဲ့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေတဲ့ ပဲခူးတိုင်းက ပေါက်ခေါင်းမြို့နယ် ကြို့ပင်ဝိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးညွန့်စိုး နဲ့ ဓါးသွေးကျောက်ရွာ အုပ်ချုပ်ရေးမှူး‌ အောင်ဝင်းတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေကုန်ကြပြီလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
  • စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်က ဖမ်းဆီးထားတဲ့ စီပါရွာသား ၁၀ ဦးကို တော်လှန်ရေးတပ်တွေက ကယ်တင်တဲ့အချိန် ပြည်သူ ၆ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁ ဦးသေသွားသလို ၊ PDF ရဲဘော် ၂ ဦးလည်း မြင့်မြတ်စွာ အသက်ပေးလှူသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article